နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ကြမည့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ကြသော နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်
နေပြည်တော် ဒီဇင်ဘာ - ၃၁
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် ခေတ်အဆက်ဆက်နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲ များနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအားနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့သည် ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ခေတ္တတည်းခိုနေထိုင်သည့် နေပြည်တော်ရှိဘုရင့်နောင် ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။











































