news

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအတွင်းနှင့် တန့်ဆည် မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာအနီးတို့၌ ခိုအောင်းနေထိုင်လျက်ရှိပြီး အဖျက်အမှောင့် လုပ်ရပ်များ လုပ်ကိုင်လျက်ရှိသည့် KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအား တိုက်ခိုက်ချေမှုန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၆

          KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများအား စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာအနီးမှတစ်ဆင့်  သယ်ယူပို့ဆောင်မည်ဖြစ် ကြောင်းနှင့် လက်ယက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား များက ခိုအောင်းနေထိုင်လျက်ရှိကာ ဒီပဲယင်းမြို့နယ်အတွင်း အဖျက်အမှောင့်လုပ်ငန်း များ လုပ်ဆောင်ခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မ ဆက်ကြေး တောင်းခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ သိရှိရသဖြင့် ယနေ့တွင် နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များအား အဆိုပါနေရာသို့ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်၍ အလစ်အငိုက် ဝင်ရောက် စစ်ဆေးခဲ့သည်။

          ထိုသို့ ဝင်ရောက်စစ်ဆေးစဉ် KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာသူ၊ ကျေးရွာသားများကို လူသားတံတိုင်းသဖွယ် အသုံးပြုအကာအကွယ်ယူ၍ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းအတွင်းတို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား များသည် အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွား ခဲ့သည်။ ဆုတ်ခွာရာနောက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်ချေမှုန်း လျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ရာ KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်း ဖက်သမားများ  ဆေးခန်းအတွင်း သိုဝှက်ထားသည့် လက်လုပ်မိုင်း ၁၆ လုံး၊ ရှော့တိုက် ပြောင်း ၇ ခု၊ လက်လုပ် DROP BOMB ၈ လုံးနှင့် စကားပြောစက် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

          ဖြစ်စဉ်တွင် KIA လက်နက်ကိုင်အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမား များက ကျေးရွာသူ၊ ကျေးရွာသားများနှင့် နေအိမ်များအား လူသားတံတိုင်းသဖွယ် အသုံးပြု အကာအကွယ်ယူ ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံအချို့ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး လျက်ရှိပြီး အရေးကြီးလူနာများကို နီးစပ်ရာ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

          အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦများ၊ ကျေးရွာနေ ပြည်သူလူထု၏ နေအိမ်များအား ယခုကဲ့သို့ အကာအကွယ်ရယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး ထိုကဲ့သို့ ကျူးလွန်သူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲ ဥပဒေ များဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ကျေးရွာအနီး ပတ်ဝန်းကျင်အနီးတစ်ဝိုက်တွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်း နေထိုင်လျက်ရှိပြီး အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ကာ ဒေသခံများအား ခြိမ်း ခြောက်အကြမ်းဖက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်လျက်ရှိကြောင်း အေး ချမ်းစွာ နေထိုင်လိုသည့် တာဝန်သိ ဒေသခံများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်ကင်းလှည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်စဉ် PDF အမည်ခံအကြမ်းဖက်သမား ၃၀ ဦးခန့်နှင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် အနောက်ဘက် သို့ အကျအဆုံး များစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားသည်။ ဆုတ်ခွာရာနောက်သို့ လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ထပ်ကြပ်လိုက်ချေမှုန်းလျက်ရှိပြီး ဖြစ်စဉ်တွင် PDF အမည်ခံ အကြမ်းဖက်သမား ၇ ဦးကို အသေဖမ်းဆီးရမိခဲ့ကာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သတင်းရရှိသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၆

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမနှင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်ရှိ နယ်မြေခံသင်တန်းကျောင်းခန်းမတို့၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားများကို ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူ များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်အတွင်းမှ PDF အဖွဲ့ဝင် အမျိုးသား ၄ ဦးနှင့် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ် တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၆ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးကြသည်။

              ပြည်ထောင်စုနယ်မြေအတွင်းရှိမြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေ အတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

          (၅) ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အစည်း အဝေးအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ ၁၀၃၀ အချိန်တွင် မြန်မာနိုင်ငံမှ အလှည့်ကျ  အိမ်ရှင်အဖြစ်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အစည်းအဝေးတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်ဝင်းနိုင် က ယနေ့ တစ်ကမ္ဘာလုံးမှ လူသားမျိုးနွယ်အားလုံးအပေါ် အချိန်ကာလကြာမြင့်စွာ အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါးပြဿနာများကြောင့် ယခုအခါနိုင်ငံအသီးသီးတို့တွင် ကျန်းမာရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်ပျက်စီးစေလျက်ရှိကြောင်း၊ နိုင်ငံတိုင်းကလည်း မူးယစ် ဆေးဝါးပြဿနာများကို ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊