တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အား စားသုံးဆီများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၉

Saturday, September 9, 2023 - 17:00

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးနှင့် သက်သာချောင်ချိမှုများအတွက် အထောက်အကူဖြစ်စေရန် ယနေ့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများအား ပြင်ပပေါက်ဈေး ထက်သာသာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဝမ်းသာအားရ ဝယ်ယူအားပေးကြကြောင်းနှင့် ယခုကဲ့သို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြကြောင်း သတင်းရရှိ သည်။