နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ညနေပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသီရိ အား ဖူးမြော်ကြည်ညိုသည်။
news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ၏ ဟော်နန်းတော်(သိန်းနီဟော်နန်း)အား ပြန်လည် တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက လားရှိုးမြို့နှင့် သိန်းနီမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟော်နန်းပြန်လည် တည်ဆောက်မှု ပူးပေါင်းရွက်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော် (အင်္ဂလီကန်) စစ်တွေသာသနာပိုင်၏ နယ်စီးသာသနာပိုင်ကြီး ဒေါက်တာ ဂျိမ်း(စ်)မင်းဒိန်နှင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့မှ အသင်းအုပ်၊ အသင်းထောက်ဆရာတော်များနှင့် အသင်းဝင်များအား ယနေ့နံနက်ပိုင်း တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများက စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်၊ မေယုလမ်းရှိ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော် (အင်္ဂလီကန်) ကသီဒြယ်ဘုရား ကျောင်း၌ တွေ့ဆုံ၍ ဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်း ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင် ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် ရန်ကုန် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ညောင်နှစ်ပင် ကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃)ဖြင့် လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃)ဖြင့် လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့် စပ်လျဉ်း၍ ကြေညာချက် အမှတ်(၂/၂၀၂၃)၊ (၃/၂၀၂၃)တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
- မိမိအစီအစဉ်ဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ်ဖြင့် နေထိုင်လုပ်ကိုင်သူများမှ ပြည်ပ အလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ခွင့်နှင့် OWIC ပြုလုပ်ခွင့်များ တင်ပြလာပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ရုံးဖွင့်ရက် ၂ ရက်မှ ၃ ရက်အတွင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်စိစစ်ခွင့်ပြုပေးလျက်ရှိပြီး သင်တန်းတက်ရောက်ခွင့် ရရှိသည့် အမည်စာရင်းနှင့် OWIC ပြုလုပ်ခွင့်ရရှိသည့် အမည်စာရင်းများအား Safe Migration Telegram Channel မှတစ်ဆင့် အသိပေး ကြေညာပေးလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သမန်းတောကျေးရွာရှိ သံဃာတော်များ၊ နှင့် ဒေသခံပြည်သူများအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာ၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။




















































