နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ညောင်နှစ်ပင်ကျေးရွာအနီးရှိ Korea-Myanmar Industrial Complex(KMC)လုပ်ငန်းဆောင်ရွက်နေမှုနှင့် အမျိုးသားညီလာခံပြည်ထောင်စုခန်းမ အဆောက်အဦများ ပြုပြင်ထိန်းသိမ်းထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ - ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် ကျေးရွာ အနီးရှိ Korea- Myanmar Industrial Complex(KMIC) စီမံကိန်း ဆောင်ရွက်ရန်လျာ ထားမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


























