စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံ ပြည်သူစုစုပေါင်း ၈၁၄ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၃၅ ဦး၊ ခွဲစိတ် ရောဂါ ၆၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၆၂ ဦး၊ အရိုးရောဂါ ၉၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၂၁၃ ဦးနှင့် သွားရောဂါ ၆၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၈ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၉ ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၃၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၆ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း ထိုးနှံရန်လိုအပ်သူ ၂၅ ဦးအား ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက် အလက်ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက် ကြောင်း သိရသည်။
ထိုသို့ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သို့ ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံ စေတနာရှင်ပြည်သူများက နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုတပ်နယ်မှတာဝန်ရှိသူများ၊ ရွှေဘိုမြို့ နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု့အားပေးသည်။
နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ထံသို့ လာရောက်ဆေးကုသမှုခံယူနေ သည့် ဒေသခံပြည်သူများ ၏ စကားသံများကိုလည်း ယခုလိုကြားသိရပါတယ် -
အခုလို မျက်စီတိမ်ပါမမြင်ရလို့ ခွဲစိတ်ကုသပါတယ်၊ မမြင်ရတာလည်း တစ်လ ကျော်လောက်ရှိပါပြီ၊ဒီနယ်လှည်ဆေးကုသအဖွဲ့နှင့်ကြုံလို မြင်ရမယ်ဆိုလို ဝမ်းသာပီတိ လည်း ဖြစ်မိပါတယ်၊အားလုံးကိုလည်းကျေးဇူးတင်ပါတယ်၊ ဘာပဲပြောပြော အပြင် မှာခွဲမယ်ဆိုရင် စရိတ်စကတွေအများကြီးဈေးကြီးပါတယ်၊ဒါကြောင့်ဒီမှာလာပြီး အခမဲ့ခွဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နိုင်ငံတော်ကိုလည်းကျေးဇူးတင်ပါတယ်၊ ဆရာဝန် ဆရာမတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။
မနေ့ကလာရောက်ခွဲစိတ်ကုသတာပါ၊ မျက်လုံးအိမ်ကျဉ်းတော့တော်တော် လေးခွဲ ယူရပါတယ်၊အခုကြတော့ ကောင်းသွားပါပြီ၊ တစ်ဖြည်းဖြည်းတော့ တအားကြီးမြင်ရ မှာပေါ့၊အခုဆိုလိုရှိရင် အရင်ကမမျက်ရတာတွေ မြင်ရပြီပေါ့၊လာရောက်ကုသပေးတဲ့ ဆရာဝန်တွေ၊ဆရာမတွေ၊ သားတွေ သမီးတွေကိုလည်းအရမ်းလည်းကျေးဇူးတင်ပါ တယ်၊ ပိုက်ဆံမရှိလိုမခွဲနိုင်ဘူး၊သေရင်တောင်အကန်းနဲ့သေရမှာပါ၊ အခုလို လာရောက်ခွဲ စိတ်ကုသပေးတဲ့အတွက်မြင်ရပါပြီ၊ကျေးဇူးတွေအများကြီးတင်ပါတယ်၊ မျက်မှန်တပ်ပေးတာအကုန်လုံးကို တစ်ဖွဲ့သားလုံးကို ကျေးဇူးတင်ပါတယ်၊အမေကြီးနဲ့ ထပ်တူထပ် မျှရောဂါအမျိုးမျိုး၊ဘေးအမျိုးမျိုးအန္တရာယ်အမျိုးမျိုး မှကင်းဝေးပါစေလို ဆုတောင်းပေး ပါတယ်၊ကျန်းမာလို့ချမ်းသာကြပါစေ။