news

           နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

          ကျွန်တော်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ် ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံမှုရှိစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့မှာတော့ နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၇၇ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  တာဝန်ရှိသူများထံလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ စုစု ပေါင်း ၁၁၂၆၀ ဦးဖြစ်ပါတယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းပြောကြားချင်ပါတယ်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

“ သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal Brighter Energy Terminal | PSW Terminal | Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ်များဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီသယ်ယာဉ် (Bowser)များဖြင့် နေ့ညမရွေး အဆက်မပြတ်ဖြည့်တင်း သယ်ယူပို့ဆောင် ဖြန့်ဖြူးလျက် ရှိရာ ၅-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီအရောင်းဆိုင် (၃,၃၉၁)ဆိုင်သို့ ဆီသယ်ယာဉ်(Bowser)

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာအတွင်းသို့ ဒီဇင်ဘာ ၅ ရက် ညနေ ၃ နာရီခွဲခန့်တွင် တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိ ရသည်။

           နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။

ရခိုင်သတင်းဌာနများ၏ သတင်းများအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်း ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရမှ ယနေ့ထုတ်ပြန်သည်ဟု သတင်းတု၊ သတင်းအမှားများ လူမှုကွန်ယက်စာမျက်နှာတွင် တရားမဝင်ပြည်ဖျက်မီဒီယာ The Irrawaddy က မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာလ ၆ ရက်

          ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနများက ရေးသားဖော်ပြနေသည့် သတင်း များအပေါ် လူမှုကွန်ရက်စာမျက်နှာမှတဆင့် မှတ်ချက်ရေးသားခြင်း၊ မျှဝေခြင်း၊ တဆင့် ပြန်လည်ကူးယူဖော်ပြခြင်းများ ပြုလုပ်သူများကို ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်းဖြင့် ရခိုင်ပြည်နယ်အစိုးရက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် The Irrawaddy သတင်းဌာနက လူမှုကွန်ယက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။