အကြမ်းဖက်သမားများက မုံရွာမြို့ဘက်သို့ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၁ လုံးအား သိမ်းနည်းရမိ နေပြည်တော်၊  ဧပြီ - ၁၆

Wednesday, April 16, 2025 - 05:45

PDF အမည်ခံအကြမ်းဖက်သမားများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ  ဆင်နွဲနေသည်ကို မနာလိုမရှုစိတ်ဖြစ်ခြင်းနှင့် ပြည်သူ များတည်ငြိမ်အေးချမ်းမှုပျက်ပြား၍ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လူနေ မြို့၊ ရွာ၊ ရပ်ကွက်များအတွင်းသို့ ရှော့တိုက်ဒုံးပစ်ခတ်ရန် တပ်ဆင်ထားမှု များကိုများ လုပ်ဆောင်လျက်ရှိသည်။

ထို့သို့လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင် ရပ်ကွက်၊ ချင်းတွင်းမြစ် ဇက်ဆိပ်အနီး ရှော့တိုက်ဒုံးတစ်လုံးတွေ့ရှိကြောင်း တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့မွန်းလွဲ ၁၂နာရီ ၅၅မိနစ်ခန့်တွင် သွားရောက်ရှင်းလင်းရာ အဆိုပါဇတ်ဆိပ်အနီး၌ မုံရွာမြို့ဘက် သို့ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

PDFအမည်ခံ အကြမ်းဖက်သမားများသည် မြန်မာ့ရိုးရာ နှစ်သစ်အတာသင်္ကြန် ပွဲတော်အား ပြည်သူများအေးချမ်းစွာဆင်နွှဲနေမှုကို ယခုကဲ့သို့ အကြောင်းမဲ့ ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရန်ဆောင်ရွက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ် ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း သတင်းရှိသည်။