Thursday, April 17, 2025 - 06:00
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် H.E. Anwar Ibrahim နှင့် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင် ရေးတွင် အာဆီယံအသိုက်အဝန်းမှစည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက် ရေး၊ မြန်မာ-အာဆီယံအသိုက်အဝန်းပူပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းရင်း နှီးနှီးဆွေးနွေးခဲ့ကြသည်။
၎င်းတွေ့ဆုံပွဲ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်း တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။