မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဉီးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါး၊ ငှက်လွှတ်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်းတို့ကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရုံး/ဌာနများ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ပြုလုပ်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ ရုံး/ဌာနများမှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် မိသားစုများက သတ်မှတ်နေရာအသီးသီး၌ နှစ်ဉီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ် ပူဇော်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းတို့ကို ဆောင်ရွက်ကြသည်။
အလားတူ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးရှိ ဓမ္မာရုံများနှင့် သတ်မှတ်နေရာ များ၌ သံဃာတော်များက ရွတ်ပွားပူဇော်ချီးမြှင့်တော်မူကြရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက သီလခံယူဆောက်တည်၍ ပရိတ်တရားတော်များကို နာယူကြပြီး သံဃာတော် များအား လှူဖွယ်ပစ္စည်းများ၊ အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ် လောင်းလှူကြသည်။
ထို့ပြင် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ဇီဝိတ ဒါနစုပေါင်း ငါး၊ ငှက်လွှတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ အလှူငွေများ၊ စားသောက်ဖွယ်ရာ များပေးအပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြကြောင်း သတင်းရရှိသည်။