၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့် စစ်သည်အစားခန့် အရပ်သားဝန်ထမ်းများ မိသားစုဝင် သား/သမီးများအား တိုင်းစစ်ဌာနချုပ်များ၌ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
နေပြည်တော်၊ ၂၀၂၄ ဇူလိုင်-၃၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့် စစ်သည်အစားခန့် အရပ်သား ဝန်ထမ်းများ မိသားစုဝင် သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းနှင့် တက္ကသိုလ်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ် ပေးအပ်ခြင်းများကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ် ဌာနချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ သတ်မှတ်နေရာ အသီးသီး၌ ပြုလုပ်ကြရာ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ကြသည်။




































































































