news

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ရေဘေးကူညီထောက်ပံ့သည့် ပစ္စည်းများကို ထိန်းချုပ်ထားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိ ရသည်။

၁။           ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွား ခဲ့သော မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများကို အေးချမ်းစွာပြီးဆုံးစေရန် အတွက် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဖြေရှင်းရန် ကြိုးပမ်းခဲ့မှုကို လျစ်လျူရှု၍ နိုင်ငံတော် အာဏာကို မမှန်မကန်သောနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့၍သာ တပ်မတော်က နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ လွှဲပြောင်းရယူ ထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်ရထားလမ်းပိုင်းအတွင်း ထားဝယ်မြို့နယ်၊ ရေဖြူ ဘူတာနှင့် ထားဝယ်ဘူတာအကြား၊ မိုင်တိုင်အမှတ် ၃၆၄/၁၁-၁၂ ရှိ တံတား အမှတ်(၆၀၆)၊ မောင်မယ်ရှောင်တံတားအား စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတား၏ အောက်ခံကန့်လန့်ဖြတ်သံဘောင် (၂)ချောင်း၊ အလျား လိုက်သံဘောင်(၂)ချောင်း၊ ၇၅ ပေါင်သံလမ်း(၂)ချောင်း၊ သံလမ်းထိန်း Guard Rail (၂)ချောင်းနှင့် တံတားအထူးသစ်သားဇလီဖားများပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် ပျက်စီးချို့ယွင်းမှုများကို အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိသည်။

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Qu Zhe ဦး ဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် နှစ်ဦးကာလတွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လွတ်လပ်ရေးကြေညာခဲ့ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်းကို အာရှတိုက်ရှိ မည်သည့်နိုင်ငံမှ အသိအမှတ်မပြုသေးမီ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကအသိအမှတ်ပြုခဲ့ပါသည်။ ထို့နောက် ၂၉ - ၆ - ၁၉၅၄ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီး “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်” (The five Principles of Peaceful Coexistence) ကို ကမ္ဘာသို့ နှစ်နိုင်ငံပူးတွဲကြေညာထုတ်ပြန်ခဲ့ပေသည်။ ထိုမူကြီး (၅) ရပ် စတင်ကြေညာသည့် ၁၉၅၄ ခုနှစ်မှ နောင်နှစ်ပေါင်းများစွာအထိ စာနယ်ဇင်းများက “နိုင်ငံရေး ငါးပါးသီလ” ဟု သုံးစွဲခဲ့ကြပါသည်။ ယင်းတို့မှာ-

          ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ရောက်ရှိ လာပြီးနောက်ပိုင်း မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့အကြား တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွေ ပိုမိုတိုးတတ်ကောင်းမွန်လာကာ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခများ တည်ငြိမ်ရေးကို အထူးလိုလားလျက်ရှိကြောင်း အထင်အရှားတွေ့မြင်လာရပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဟာ အစဉ်အလာကောင်းသော၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ကြပါတယ်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်သားတည်း ဖြစ်တည်မှုနှင့် နည်မြေတည်တံ့မှုတို့အား ထိန်းသိမ်းကာကွယ်ခြင်းကို  ခိုင်မာစွာထောက်ခံအားပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဖြစ်ပွားလျက်ရှိတဲ့ ပြည်တွင်းရေးပဋိပက္ခများနဲ့ စစ်ပွဲဖြစ်ပွားနေမှု များကို ဆန့်ကျင်လျက်ရှိပြီး မြန်မာပြည်ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားရန်လိုလားလျက်ရှိကြောင်း တရုတ်အစိုးရမှ ပြောကြားထားရှိပြီးဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ မြန်မာ-တရုတ် ဆက်ဆံရေးကို မလိုလားတဲ့ အနောက်အုပ်စုလက်ဝေခံ NUG အပါအဝင် ဆန့်ကျင်ဘက်အဖွဲ့အစည်းများက “တရုတ်သည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရုံတင်မက မြန်မာပြည်သူများကိုပါ စစ်ရေးအရ ခြိမ်းခြောက်သည်” ဟု ဝေဖန်စွပ်စွဲချက်များနဲ့ ထိုးနှက်ခဲ့ကြပါတယ်။ အမှန်တကယ်တွင် တရုတ်သည် မြန်မာ့ပြည်တွင်းရေးနှင့်ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ခဲ့သလို မြန်မာ ပြည်သူများ၏ အကျိုးစီးပွားနှင့် မြန်မာပြည် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်တို့အပေါ် အမေရိကန်အထောက်အပံ့ရယူနေသော NGU နှင့် အပေါင်းအပါအဖွဲ့တို့၏ စွပ်စွဲချက် သက်သက်သာဖြစ်ပါသည်။

          နိုင်ငံအနှံ့အပြား ဆူပူအကြမ်းဖက်တိုက်ခိုက်မှုများကို မဖြစ်ဖြစ်အောင် NUG နှင့် အပေါင်းပါ များက လုပ်ဆောင်နေပြီး မြန်မာနိုင်ငံအား အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းအပေါ် ဆွဲတင် နေကြသည်။ တည်ငြိမ်အေးချမ်းသည့် မြန်မာနိုင်ငံအား စစ်မြေပြင်ဖြစ်အောင် လုပ်ဆောင်ခဲ့သည့် အတွက် ပြည်သူအများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးရှောင်ကြရသည်။ မြန်မာနိုင်ငံကို အဖက်ဖက်မှ ထိုးနှက်တိုက်ခိုက်နိုင်ရန် အနောက်အုပ်စုနိုင်ငံများက ကူညီပေးပြီး စီးပွားရေးအရ ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သလို အစိုးရဆန့်ကျင်ရေးအင်အားစုများသို့ ငွေကြေးအပြင် တိုက်ခိုက်ရန်လက်နက်နှင့် နည်းပညာများကိုပင် အလုံးအရင်းဖြင့် ထောက်ပံ့ပေး

မုန်တိုင်းရာဂီ၏ သက်ရောက်မှုနှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်ခဲ့သော လေဖိအား နည်းရပ်ဝန်းတို့၏အရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုများတွင် ရေဘေးသင့်ခဲ့ရသည့် ပြည်သူလူထုအား ကူညီထောက်ပံ့နိုင်ရန်အတွက် ၂၈-၉-၂၀၂၄ ရက် (စနေနေ့) မွန်းလွဲ(၂)နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ လှူဒါန်းမှုများကို အခမ်းအနားဖြင့် ဆက်လက်လက်ခံ သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာအုပ်စုတွင် တပ်မတော် က လူငယ်များကို အတင်းအဓ္ဓမဖမ်းဆီးခြင်းများ လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် အမျိုးသားများ တိမ်းရှောင်မှုများ အလွန်များပြားလာကြောင်း၊ တချို့မှာ ဘုန်းကြီးကျောင်း များတွင် သင်္ကန်းစီးပြီး ဘုန်းကြီးဝတ်ဖြင့် နေထိုင်ကြကြောင်း၊ ထို့ကြောင့် တပ်မတော်က ဝက်မစွတ်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီးကျောင်းတချို့ကို ဝင်ရောက်စိစစ်ပြီး ဘုန်းကြီးဝတ်ထားသူများကို သင်္ကန်းချွတ်ခိုင်းကာ စစ်သားအဖြစ် အတင်းအဓ္ဓမဖမ်းဆီး ခေါ်ဆောင်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာက သတင်းအမှားများ ရေးသားထုတ်လွှင့်လျက်ရှိကြောင်း တွေ့ရှိရသည်။