news

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်       တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ၂၀၂၃ ဒီဇင်ဘာ - ၁၈

          တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း အောင်ချမ်းသာကျေးရွာကို ဒီဇင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းတွင် တပ်မတော်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည် ဟု တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မဟုတ်မမှန် သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများ သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအနီး နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်မှုမရှိ ကြောင်းနှင့် အောင်ချမ်းသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိ ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်အနီးရှိ ဝါဆာဒီရွာသစ်တွင် ဒီဇင်ဘာ ၁၇ ရက်နေ့က တပ်မတော်မှ Mi-35 ရဟတ်ယာဉ်တစ်စီးပျက် ကျသွားကြောင်း ဒေသခံများထံက  သိရသည်ဟု ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့်  Ayeyarwaddy Times မှ မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို တပ်မတော်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ဓါတုလက်နက်ဗုံးများ အသုံးပြုမှုကြောင့် တော်လှန်ရေး ရဲဘော်တချို့ အဆိပ်သင့်တာတွေဖြစ်ခဲ့သည်ဟု မဟုတ်မမှန် ကောလာဟလ သတင်း များကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည် လည်ပတ်နိုင် ရေး ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

            ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(တတိယပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပ ပြုလုပ်ကြသည်။

          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ရွှေမူလီကို တပ်ဆင် ပေးသည်။