မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အေးမြဝတီ ရပ်ကွက်ရှိ (ကုတင်၂၀၀)ဆံ့အထွေထွေရောဂါကုပြည်သူဆေးရုံတွင် အမှတ်(၆)အထူး ဆောက်လုပ်ရေးအဖွဲ့ (အဆောက်ဦဌာန)မှ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော အဆောက်အအုံများအား ပြန်လည်မွမ်းမံဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရှိ မရှိခဏစေတီနှင့် မဟာစေတီလှစေတီများတွင် ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင် ကုမ္ပဏီများမှ ပူးပေါင်း၍စုပေါင်း လုပ်အားပေးရှင်းလင်းဖယ်ရှားနေမှုအခြေအနေများအား သွားရောက် ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးအတွင် ဈေးသည်များ စိတ်အေးချမ်း သာစွာနှင့် စည်ကားသိုက်မြိုက်စွာဈေးရောင်းချနေမှုများကို ကြည့်ရှုအားပေးပြီး၊ ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အအုံများ၊ ပိုးတန်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသောအဆောက်အအုံ များ စက်ယန္တာရားများဖြင့် ဖယ်ရှားရှင်းလင်နေမှုတို့ကိုလည်းကောင်း၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားရပ်ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမူတော်စေတီနှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦး ပုညရှင်စေတီများတွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး နေသော သာသနိက အဆောက်အအုံ၊ အရန်စေတီများနှင့် ကျောင်းဆောင် အဆောက် အအုံတို့အား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှ ပူးပေါင်း၍စုပေါင်း လုပ်အားပေးရှင်းလင်ဖယ်ရှားနေမှုအခြေ အနေတို့အားလည်းကောင်း သွားရောက်ကြည့်ရှု အားပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဝိဇ္ဇာလင်္ကာရ ကျောင်းတိုက်သို့ သွားရောက်၍ ဝိဇ္ဇာလင်္ကာရကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ ရွှေကျင်ဂိုဏ်းအကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တ ကောသလ္လ အား သွားရောက် ဖူးမြော်၍ ဩဝါဒခံယူကာ သံဃာတော်များ အေးချမ်းစွာ သီတင်းသုံးနေထိုင်တော်မူနိုင်ရန်နှင့် ဆွမ်းကိစ္စ အခက်ခဲမရှိ အဆင်ပြေစေရန်အတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
၎င်းနောက် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဒသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဓမ္မဓူတ ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာအရှင်ဆေကိန္ဒနှင့်အတူ ကျောင်းတိုက်အတွင်းရှိ ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော အလယ်တိုက်ကျောင်းတော်ကြီး၊ သိမ်၊ ဆွမ်းစားကျောင်း ဆောင်နှင့် စာသင်သားကျောင်းဆောင် နေရာများသို့ သွားရောက်ကြည့်ရှုပြီး အပျက်အစီးများ အမြန်ဆုံး ဖယ်ရှင်းလင်းနိုင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် မန္တလေးမြို့ ၃၅ လမ်း တစ်လျှောက်ရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံ များ ဖယ်ရှားရှင်းလင်းနေမှုများကိုလည်းကောင်း၊ ဖယ်ရှားရှင်းလင်းပြီး အဆောက်အအုံ နေရာများအား စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများအား လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းခွင်တွင် အန္တရာယ်မရှိစေရေး စနစ်တကျပြုလုပ် ဆောင်ရွက် သွားရန်၊ အများပြည်သူများ အသုံးပြုမှုများသော အဓိက လမ်းမကြီးများပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံ အပျက် အစီးများအား ဦးစားပေး၍ အမြန်ဆုံးဖယ်ရှား ရှင်းလင်းနိုင်ရေး ဌာနဆိုင်ရာများပူးပေါင်း ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့သွားရောက်၍ Modular House တည်ဆောက်ခြင်းနှင့် ယာယီရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ဣစ္ဆာသယပရိယတ္တိ စာသင်တိုက်၊ အမရပူရမြို့နယ်ရှိ လိုရာဆုယူ ဘုရားသုံးဆူမြတ်စွာ ဘုရား၊ ပြည်ကြီးတံ ခွန်မြို့နယ်ရှိ လောကမဏိစူဠာဘုရား၊ အမရပူရမြို့နယ်ရှိ စွယ်တော် မြတ်စေတီတော် (မန္တလေး) နေရာများသို့သွားရောက်၍ ငလျင်ဒဏ်ကြောင့်ပြိုကျ ပျက်စီးခဲ့သည့် အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့ များပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်များကို လည်းကောင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း သွားရောက်ကြည့်ရှု အားပေးပြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများ အားမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းအနီးရှိ ငလျင်ဒဏ်သင့် ပြည်သူများယာယီတည်းခိုရေးစခန်းသို့ သွားရောက်ကြည့်ရှု၍ ငလျင်ဒဏ်သင့် ပြည်သူ များကို အားပေးစကားပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ကျောက်ဆည်ခရိုင်၊ ကူမဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေဘုံသာဘုန်းကြီးကျောင်း၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးသွားသော လျောင်းတော်မူရုပ်ပွားတော်နှင့် ဘုရားစေတီ များအား စက်ယန္တရားဖြင့်ရှင်းလင်းနေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး ရပ်မိရပ်ဖများ၊ ဂေါပက အဖွဲ့ဝင်များဖြင့် တွေ့ဆုံ၍ အလှူရှင်(၁)ဦးမှ မတည်ပေးသည့် ငွေကျပ်သိန်း(၅၀၀)အား ဘုရားစေတီများ ပြန်လည်ပြုပြင် မွမ်းမံရာတွင် အသုံးပြုမည့် အစီအမံများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်ရှိ နေထိုင်ရန်မသင့်သော အဆောက်အအုံ(၈)လုံးအားစက်ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေ များအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး စနစ်တကျပြုလုပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့်အဆောက်အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက်အအုံ (၄၈၉၂)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင်နိုင်မည့် အဆောက်အအုံ (၄၆၁၇)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ(၂၇၅)လုံးမှ အဆောက် အအုံ (၂၀၅)လုံး ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန် ကျန်အဆောက်အအုံ (၇၀)လုံး ဖြစ်သည်။
၎င်းနောက် ကျောက်ဆည်မြို့၊ ဟံမြင့်မိုရ်ကျေးရွာအုပ်စု၊ အခြေခံပညာအထက် တန်းကျောင်း၌ ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငလျင်ဒဏ်သင့် ပြည်သူ များအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်နေမှု အခြေအနေများသွားရောက် ကြည့်ရှုခဲ့ပြီး ငလျင်ဒဏ်သင့်ပြည်သူများကို အားပေးစကားပြောကြားခဲ့ကာ အဆောက် အအုံများပြန်လည် တည်ဆောက်ရာတွင် နားလည်တတ်ကျွမ်းသူများနှင့်တိုင်ပင်၍ ငလျင်ဒဏ် 8 Magnitude ခံနိုင်သည့် အဆောက်အအုံများတည်ဆောက်သွားရန်လိုအပ် ကြောင်း၊ အဆောက်အအုံများ တည်ဆောက်ရာတွင် ဘိလပ်မြေ၊ သံချောင်းများ ဝယ်ယူနိုင်ရေး ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘိလပ်မြေစက်ရုံများမှလည်း ပြန်လည်လည်ပတ်နိုင်အောင် ကူညီဆောင်ရွက် ပေးလျက်ရှိပြီး မေလဒုတိယအပတ်တွင် စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် တာဝန်ရှိ သူများအား လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက်ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်ကြောင့်လမ်းတံတား ပျက်စီးခဲ့မှု နှင့်ပတ်သက်၍ BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသော သော်တာဝင်း ကုမ္ပဏီမှ တာဝန်ရှိသူများ၏ ပြင်ဆင်ပြီး၊ ပြင်ဆင်ဆဲလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများ အပေါ်လမ်းပိုင်းပျက်စီးမှုများစစ်ဆေးခဲ့ရာ ပျက်စီးမှု (၈)နေရာရှိခဲ့ပြီး ကုမ္ပဏီမှ(၅) နေရာအား အပြီးသတ်ပြင်ဆင်ပေးပြီးဖြစ်ကာ (၃)နေရာ မှာ ယာယီပြုပြင်ပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ၍ ယာယီပြုပြင်ထားသောနေရာ များအား အပြီးသတ်တွန်းအားပေး ဆောင်ရွက် သွားရန်နှင့် ပျက်စီးသွားသောလမ်းပိုင်း နေရာများသည် ရန်ကုန်-မန္တလေး ကုန်စည်စီးဆင်းမှု တွင် အဓိကအရေးပါသော လမ်းပိုင်းနေရာများဖြစ်သည့်အတွက် ဦးစားပေးပြင်ဆင်သွား ရန်နှင့် အရည်အသွေး ပြည့်မီစွာ ပြုပြင်သွားရန်မှာကြားခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ကျောက်ဆည်မြို့၊မြို့တော်ခန်းမ၌ ငလျင်ဒဏ်သင့်ပြည်သူများ အတွက် MODULAR HOUSE များတည် ဆောက်ရန် စေတနာရှင်၊အလှူရှင်များမှ လာရောက်လှူဒါန်း ငွေများလက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၁ ရက်
Thursday, May 1, 2025 - 17:45