မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းသို့ အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် နေပြည်တော်၊ ၂၀၂၅ ဧပြီလ ၃၀ ရက်

Wednesday, April 30, 2025 - 03:45

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းအတွင်းရှိ အရေးကြီးအဆောက် အဦများအား ထိခိုက်ပျက်စီးစေရန်နှင့် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် အကြံ အစည်များဖြင့် KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသည့် အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့မွန်းလွဲပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရှော့တိုက်ဒုံးဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

          ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့် မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်း၏ အရှေ့မြောက်ဘက် မီတာ ၄၅၀ အကွာနေရာ သို့ ရှော့တိုက်ဒုံး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်ပျက် စီးမှုမရှိကြောင်း သိရှိရသည်။

          အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့် နေရာနှင့်အနီးဝန်းကျင်တစ်ဝိုက်အား ပိတ် ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေး လိုအပ်သည့် မေးမြန်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိသည်။