news

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်မှ ဒေသခံပြည်သူ ၂၀ ကျော်ကို တပ်မတော်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရ သူ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၁ ဦး ဖြစ်ကြောင်း လူမှုကွန်ရက်များတွင်  မဟုတ်မမှန် ကောလာ ဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်နှင့် အနောက်ဘုန်းကံရွာရှိ စခန်းတစ်ခုကို လက်နက်ကြီး အလုံး ၂၀၀ ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့သည်ဟု  အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက် မီဒီယာတစ်ခုဖြစ်သည့် Khit Thit မှ  သတင်းတု သတင်းမှားများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မင်းစုဘူတာနှင့် ကျောက်ဆည်ဘူတာ အကြား၊ မိုင်တိုင်အမှတ်၊ ၃၅၃/၃ နှင့် ၄ အကြား၊ တံတားအမှတ် (၇၃၆)အနီးတွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားခြင်းကြောင့် တံတားချဉ်းကပ်လမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများပျက်စီးပြီး သံလမ်းများနေရာ ရွေ့နေမှုကြောင့် မင်းစုနှင့်ကျောက်ဆည် ကြား ရထားလမ်းပိုင်းများအား ခေတ္တပိတ်ထားရသဖြင့် အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး လူစီးအမြန်ရထားသည် မြစ်သားဘူတာသို့ ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိ ရပ်တန့်ထားခဲ့ရကြောင်း သိရှိရသည်။

          ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုံကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ မေဃဝတီကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး သည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ      ၁ နာရီခွဲအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးတွင် ရန်နိုင်စိုး(ခ) ရန်နိုင် မောင်းနှင်ပြီး မအိအိခင်(ခ)မအိ နှင့် မမေဦးကိုကို(ခ)မေဦးကြည်လင် တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၆၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁)ရပ်ကွက်၊ ပုလဲလမ်းတွင် ဖမ်းဆီးရမိ အိုက်စ်များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် AA အဖွဲ့

တပ်မတော်ဆေးတက္ကသိုလ်၏(၂၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ် ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များစုံညီစွာ တက်ရောက် ကြသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မန်းဖြိုးနှင့် ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ရောင်ပစ်ကွင်းကျေးရွာတွင် ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧကများ ဓါတ်မြေဩဇာစု ပေါင်းကြဲပက်ပွဲသို့ တက်ရောက်အားပေးသည်။