အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဝန်ကြီးဌာနများမှ ယာယီရုံးခန်းများကို Modular House များဖြင့် တည်ဆောက်ထားရှိမှု၊  ယာယီဝန်ထမ်း

Sunday, May 4, 2025 - 18:15

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဝန်ကြီးဌာနများမှ ယာယီရုံးခန်းများကို Modular House များဖြင့် တည်ဆောက်ထားရှိမှု၊  ယာယီဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ၂၀၂၅ မေ ၄ 
    အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနများမှ ယာယီ ရုံးခန်းများကို Modular House များဖြင့် တည်ဆောက်ထားရှိမှု၊  ယာယီဝန်ထမ်း အိမ်ရာ များဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ ဆောက်လုပ်ပြီးစီးသည့် ယာယီဝန်ထမ်း အိမ်ရာများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်လျက် ရှိသည့် အခြေအနေ တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
    ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ရောက်ရှိကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အဆိုပါရုံးအတွင်း Modular House များဖြင့် ယာယီ ရုံးခန်းများဖွင့်လှစ်၍ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဆိုင်ရာ ဆက်စပ်သည့် ရုံးလုပ်ငန်း များ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် Server Room များကို လိုက်လံရှင်းလင်း ပြသရာ ဒုတိယဝန်ကြီးချုပ်က Server များ၊ ကွန်ပျူတာများအနေဖြင့် ယာယီအဆောက် အဦအတွင်း စနစ်တကျထားရှိဆောင်ရွက်ရေးနှင့် လုံခြုံရေးဆိုင်ရာ အထူးဂရုပြုဆောင် ရွက်ရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း လိုက်ပါလျက် ယာယီရုံးခန်းများ တည်ဆောက်နေမှုနှင့် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများ ယာယီတည်ခိုးနေထိုင်ရန်  ဘာရှာများတည်ဆောက်ရန် မြေနေရာများ ရွေးချယ်သတ်မှတ်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး မေလမကုန်မီ ယာယီ ရုံးခန်းများ ဖွင့်လှစ်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာန ယာယီဝန်ထမ်းအိမ်ရာသို့ ရောက်ရှိကြပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ က ယာယီအိမ်ရာများ အကွက် ချပုံစံ၊ ယာယီရုံးအဆောက်အဦဆောက်လုပ်ရန် မြေနေရာရွေးချယ်သတ်မှတ်ထားမှု၊ ယာယီဝန်ထမ်းအိမ်ရာအတွင်း သောက်သုံးရေ၊ မီး၊ မိလ္လာစနစ်များ ဆောင်ရွက်ထားရှိမှု များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆောက်လုပ်ပြီးစီး သည့် အိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။
အဆိုပါ နေရာတွင် ယာယီဝန်ထမ်းအိမ်ရာ ၇၅ လုံး တည်ဆောက်သွားမည် ဖြစ်ပြီး  ( ၄၀ ပေ  x ၂၂ ပေ ) ၂ ခန်းတွဲ ၁၀ လုံး နှင့် (၂၀ ပေ x ၂၂ ပေ) ၂ ခန်းတွဲ ၇ လုံး တည်ဆောက် ပြီးစီးပြီဖြစ်ကြောင်းနှင့်  ကျန်ရှိသည့် အိမ်ရာများကိုလည်း အမြန်ဆုံး ဆက်လက်တည် ဆောက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများက ရုံးအနီးရှိ မြေ ၂၂ ဧကအတွင်း ယာယီဝန်ထမ်းအိမ်ရာတည်ဆောက်ထားရှိမှု၊ Modular House ဆောက် လုပ်ရန် မြေနေရာရွေးချယ်သတ်မှတ်ထားမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် ဆောက်လုပ်ပြီးစီးသည့် ယာယီဝန်ထမ်းအိမ်ရာများတွင်  ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်လျက်ရှိသည့် အခြေအနေ၊ ဝန်ထမ်း အိမ်ရာများ ထပ်မံတည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းမိသားစု များကို အားပေးစကားပြောကြား၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသည်။ 
အဆိုပါယာယီဝန်ထမ်းအိမ်ရာတွင် ၄၅ ပေ x ၂၄ ပေ (၁၀) ခန်းတွဲ ဘားတိုက် ၂ လုံး၊ ၃၆ ပေ x ၁၅ ပေ (၃) ခန်းတွဲ ၁၇ လုံးနှင့် ၂၄ ပေ x၁၅ ပေ (၂) ခန်းတွဲ ၁ လုံး တည်ဆောက်ပြီးစီးပြီဖြစ်၍ ဝန်ထမ်းအိမ်ထောင်စုအချို့ နေထိုင်လျက်ရှိပြီး တည်ဆောက်ဆဲ ယာယီအိမ်ခန်းများ ပြီးစီးသည်နှင့်အမျှ ဝန်ထမ်းမိသားစုများ ဆက်လက်နေရာချထားမည် ဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးအနီးရှိ ယာယီဝန်ထမ်းအိမ်ရာသို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဝန်ကြီး ဌာနအစီအစဉ်ဖြင့် ဆောက်လုပ်ပြီးစီးသည့် ယာယီဝန်ထမ်းအိမ်ရာများနှင့် ဆောက်လုပ်ဆဲ ယာယီဝန်ထမ်းအိမ်များ ဆောက်လုပ်နေမှု၊ ယာယီဘာရှာများတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား နေရာချထားပေးမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆောက်လုပ်ပြီးစီး သည့် ယာယီဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ယာယီရုံးများ ဖွင့်လှစ်ထားရှိပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ရုံးပင်မအဆောက်အဦနှင့် တိုးချဲအဆောက်အဦများ ပျက်စီးခဲ့မှုအခြေအနေ များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျွမ်းကျင် ပညာရှင်များ စစ်ဆေးပြီးသည့် ရုံးအဆောက်အဦများပြန်လည်ပြုပြင်နေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် အနီအရောင်အဆင့် သတ်မှတ်ထားသည့် ကံ့ကော်အိမ်ရာ တိုက် အမှတ်(၉)၌ နေပြည်တော်စည် ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီတို့မှ ကျွမ်းကျင်ပညာရှင်များက အဆောက်အဦ ကြံ့ခိုင်ရေးတိုင်းတာသည့် စက်ကိရိယာ ၅ မျိုးဖြင့် အဆောက်အဦ ကြံ့ခိုင်မှုအား စစ်ဆေး နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ ပြန်လည်ပြုပြင်တည် ဆောက်ရမည့် အကြံပြုချက် များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ဝန်ထမ်းများကို အားပေးစကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သပြေ (၂) အဆောင် (၅) အပျိုဆောင်နှင့် သပြေ (၄) အဆောင် (၈) လူပျိုဆောင်တို့တွင် ငလျင်ဒဏ်ကြောင့် အနည်းငယ်ထိခိုက်ခဲ့သည့် နံရံများကို  ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက Sikalatex ဆေးရည်၊ ကျုံ့ခြင်းမရှိသော ဘိလပ်မြေအခြေခံ ဘက်စုံသုံး ဆေးမှုန့် (SikaGrout) နှင့် ဘိလပ်မြေများ ရောစပ်၍ ကွဲအက်ခဲ့သည့် နေရာများအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်းကောင်း၊ အနီရောင်အဆင့် သတ်မှတ်ထားသည့် သဇင်(၅) အဆောင်(၁၈) လူပျိုဆောင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အဆောင်များပတ်ဝန်းကျင်တွင် သန့်ရှင်းရေးများ ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည် များကို လမ်းညွှန် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားရင်ပြင်တော်အား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများ စနစ်တကျ ဖယ်ရှားရှင်းလင်း ထားရှိမှု၊ လိုဏ်တော်အတွင်း ထိခိုက်ခဲ့သည့်နေရာများအား ပြန်လည်ပြုပြင်ခြင်း ဆောင်ရွက်ရန် စီမံဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူ များကို လိုအပ်သည်များ လမ်းညွှန်မှာကြားကာ လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။