ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ မေ ၄ ရက်

Sunday, May 4, 2025 - 16:30

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ၌ ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအတွက် လှူဒါန်းထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)အားကစားခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းမြို့၊ လေးကျွန်းမြေရပ်၊ လေးကျွန်းမြေအုဌ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဓမ္မပိယာလင်္ကာရ အမှူးပြုသော ဆရာ တော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ပျံလွန်၊  ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများ၏ မိသားစုဝင်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဝမ်းနည်ခြင်းအထိမ်းအမှတ်အဖြစ်(၁)မိနစ်ခန့် မတ်တပ်ရပ်၍ ငြိမ်သက် ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာကြသူ များက လေးကျွန်းမြေအုဌ်ကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းငွေကျပ်သိန်း(၁၇၂၀)ကို ဆရာတော်ထံ လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့ကို မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအတွက် ရည်စူး၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိ သူများသည် ထုံးဘိုရပ်ကွက်ရှိ ရှင်ပင်နံကိုင်းစေတီသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော သာသနိကအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ပန်းပဲတန်းရပ်ကွက်နှင့် မိုးဇာရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးနေသော လူနေအဆောက်အအုံများကို စက်ယန္တာရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှု အားပေးကြသည်။ ၎င်းနောက် ပိုးတန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများရှိ ဆရာ/ဆရာမ များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံစားသောက်ကုန်များ ပေးအပ်သည်။  
မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ နှင့် တာဝန်ရှိသူ များသည် စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ရိက္ခာမယ် (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့် အားကစားခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်(၁)မိနစ်ခန့် မတ်တပ်ရပ်၍ ငြိမ်သက် ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရိက္ခာအမယ်(၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ရိက္ခာအမယ်(၅)မျိုးအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ရာ ငလျင်ဒဏ် သင့်ပြည်သူများမှ လက်ခံရယူကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ငလျင်ဒဏ်သင့်၍ ထိခိုက် ပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှား ရှင်းလင်းခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု အားပေး၍ တာဝန်ရှိသူများအား လုပ်ငန်းခွင်အန္တရာယ်မရှိစေရေး၊ အများပြည်သူများ နေ့စဉ်သွားလာနေသည့် လမ်းများဖြစ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး စနစ်တကျပြုလုပ် ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် မဟာမုနိဘုရားကြီးသို့သွားရောက်၍ မဟာမုနိဘုရားကြီးအား ဖူးမြော်၍ ကြည်ညိုကာ ပန်း၊ ရေချမ်း ဆက်ကပ်ပူဇော်သည်။ ယင်းနောက် မဟာမုနိဘုရားကြီးအား ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်စဉ် အန္တရာယ်ကင်းရှင်းစွာ ဖူးမြော်ကြည်ညို နိုင်ရေး အတွက် ဘုရားကြီး၏အရှေ့ဘက်စမြင်အား ယာယီဒေါက်တိုင်များထောက်၍ ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေများ၊ ဘုရားကြီးရင်ပြင်တွင် သန့်ရှင်းရေးဆောင် ရွက်နေမှု၊ ဘုရားကြီး ပြုပြင်ဆောင်ရွက်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် တန် ၂၂၀ ကရိန်းရောက်ရှိမှုနှင့် နေရာချထားရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ ၊ မဟာမုနိဘုရားကြီးအား အထူးစီမံကိန်းတစ်ရပ်အဖြစ် ပြင်ဆင်ဆောင်ရွက် နေမှုများ ၊ ဂန္ဓကုဋီတိုက်နှင့် ထီးတော် အကြီးစား ပြင်ဆင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေများ ၊ ဂန္ဓကုဋီတိုက်အတွင်း ပိုင်း ကြံ့ခိုင်မှုအခြေအနေများ၊ ဘုရားကြီးအား အကြီးစားပြင်ဆင်နေစဉ် ကာလအတွင်း ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ ဖူးမြော်နိုင်ရေးတို့အတွက် ရုပ်ရှင်တော်မြတ်ကြီးအား ယာယီအပူဇော်ခံမဏ္ဍပ်တွင် LED ဖြင့် ပြသ၍ အပူဇော်ခံနိုင်ရေး  ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာ ရောက်သည့် အလှူရှင်များ အလှူငွေများထည့်ဝင် လှူဒါန်းနိုင်ရန် ယာယီအလှူခံမဏ္ဍပ် ဖွင့်လှစ်ထားရှိပြီး ဆောင်ရွက်နေမှု အခြေအနေများကိုသွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ရွှေကျက်ကျဆုတောင်းပြည့် မြတ်စွာ ဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နေရာများအား ကြည့်ရှု စစ်ဆေးပြီး အပျက်အစီးများ အမြန်ဆုံးဖယ်ရှားရှင်းလင်းနိုင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူ ယာယီကယ်ဆယ်ရေးစခန်းသို့လည်းကောင်း၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ဝင်းအတွင်းရှိ ငလျင်ဒဏ်သင့်ပြည်သူ ယာယီကယ်ဆယ်ရေးစခန်းသို့ လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်သင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်းကာ တာဝန်ရှိသူများအား သောက်ရေသုံးရေဖူလုံစွာရရှိရေး စနစ်တကျစီစဉ်ဆောင်ရွက်ပေးရန်၊ စည်းကမ်းတကျ နေထိုင်နိုင်စေရေး၊ အမှိုက်များ စွန့်ပစ် ကန်ဖြင့် စနစ်တကျစွန့်ပစ်နိုင်စေရေး၊ သန့်စင်ခန်းများအား လူဦးရေအချိုးအလိုက် တည်ဆောက်ပေးပြီး ယင်လုံအောင် စနစ်တကျဆောင်ရွက်စေရေးနှင့် ယာယီနေထိုင်သူများကို စနစ်တကျ မှတ်တမ်းပြုစုထားရှိစေရေးတို့အား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ပတ္တာကျေးရွာအုပ်စု၊ စက်မှုဇုန်သွားကားလမ်းဝဲ/ယာတလျောက် ဌာန ဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေ များအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့အပြင် မြစ်သားမြို့နယ်၊ ကူမဲမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကူမဲ-ကင်းတား(၂၁)မိုင်သွားကားလမ်းဘေးရှိ အမှိုက်ပုံ နေရာနှင့် လမ်းခွကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင်အမှတ်(၃၆၅)အနီးရှိ အမှိုက်ပုံနေရာ များအားလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့ကြသည်။ 
    ထို့နောက် ကျောက်ဆည်မြို့၊ ဈေးတန်းရပ်ကွက်နှင့် ရဲစုရပ်ကွက်တို့ရှိ နေထိုင်ရန် မသင့်သော အန္တရာယ်ရှိအဆောက်အအုံ(၂)လုံးအား ယန္တရားဖြင့် ရှင်းလင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ရှိအဆောက်အအုံများ ထိခိုက်မှုမရှိစေဘဲ ရှင်းလင်းဆောင်ရွက်နိုင်ရေး အကြံပြု ကြပ်မတ်ဆောင်ရွက်ပေးပြီး လုပ်ငန်းခွင်အန္တရာယ်ထိခိုက်မှုမရှိစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှု များ မဖြစ်စေရန် မှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျောက်ဆည်ခရိုင်အတွင်း ငလျင်ဒဏ်သင့် အဆောက် အအုံများအား SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ယနေ့အထိ အဆောက် အအုံ(၅၈၂၇)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ပြန်လည်ပြုပြင် နေထိုင်နိုင်မည့် အဆောက်အအုံ(၅၅၃၈)လုံး၊ ဦးစားပေး ဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိ အဆောက်အအုံ (၂၈၉)လုံးမှ အဆောက်အအုံ(၂၃၀)လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ(၅၉)လုံးဖြစ်ကြောင်း သိရှိရသည်။
    ၎င်းနောက် စဉ့်ကိုင်မြို့နယ်ရှိ မားမားစက်ရုံနှင့် SunJin မြန်မာအစာတောင့်စက်ရုံ များသို့သွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက် ခြင်း၊ အဆောက်အအုံများပျက်စီးခြင်း၊ စက်ပစ္စည်းများ ချို့ယွင်းခြင်းတို့ဖြစ်ပေါ်ခဲ့၍ လုပ်ငန်း များရပ်တန့်ခဲ့ရာမှ ယခုအခါပြုပြင်ပြီးစီး၍ လုပ်ငန်းများ ပြန်လည် လည်ပတ်နေမှုများအား သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
        ၎င်းနောက် ကျောက်ဆည်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရရှိရေး စီမံဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် ဟိုပုံးမြို့မှ ထုတ်လုပ်သောရှမ်းရိုးမ ဘိလပ်မြေ (၈၉၆၂)အိတ်၊ ကျောက်ဆည်မြို့၊ M-Steel သံမဏိစက်ရုံမှ ထုတ် လုပ်သော(HRB-400) 10mm(3.9kg)သံချောင်း (၂၃.၂၅) တန်၊ (HRB-400) 16mm (11.5kg)သံချောင်း (၄၂.၇၅)တန်နှင့် ကျောက်ဆည်မြို့၊ ကံကောင်းခြင်းရတနာ ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် (Jewellery Luck Production Company) သစ် အချောထည် စက်ရုံမှ ထုတ်လုပ်သော 7mm(grade-B) အထပ်သား (၄၈၅)ချပ် အသီးသီးတို့အား ပြည်သူများလက်ဝယ်သို့ တိုက်ရိုက်ရောင်းချပေးနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြို့မိမြို့ဖများမှတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။