မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ပြုလုပ် နေပြည်တော်၊ ၂၀၂၅ မေလ ၄ ရက်

Sunday, May 4, 2025 - 16:30

‌          ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က လာရောက်ဆွေးနွေးသည့် မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ် မဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

          ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ Powerpoint ဖြင့် အသေးစိတ် ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သတင်းရရှိသည်။