ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများ ပြည်သူများ ဖူးမြော်ကြည်ညို နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင် ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း ပြည်ပမှ ဘုရားဖူး လာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက် ရှိသည်။
ယနေ့ညပိုင်းတွင် မိုင်းဖုန်းဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာ စရိယအရှင်ဉာဏသံဝရအမှူးပြုသော ဆရာတော်သံဃာတော်များသည် မာရဝိဇယဘုရားကြီးသို့ ကြွရောက်တော်မူပြီး ပန်း၊ရေချမ်း၊ လျှပ်စစ်မီးများဆက်ကပ်ပူဇော်ကာ ဘုရားကြီးအားဖူးမြော်ကြည် ညို၍ အန္တရာယ်ကင်းပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်တော်မူသည်။ ထို့နောက် မန္တလေးငလျင်ဘေးဒဏ်ခံစားရသူ ခုနှစ်ရက်သား သမီးများအား မေတ္တာပို့သပေးခြင်း၊ ငလျင် ဘေးကြောင့်သေဆုံသွားခဲ့သူများအား မေတ္တာပို့သ အမျှပေးဝေခြင်းများ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။