ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ပညာရေးကျောင်းများ၏ ပညာ ရည်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာ သီရိမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(နေပြည်တော်)ရှိ အားကစားခန်းမ၌ပြုလုပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ တပ်မတော် ပညာရေးကျောင်းများမှကျောင်းအုပ်ကြီးများ၊ တပ်မတော်အခြေခံပညာကျောင်း များမှ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့်တာဝန်ရှိ သူများ တက်ရောက်ကြသည်။
news
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ မစ္စတာ ငုယင်ဖုကျောက် ကွယ်လွန်ခြင်းအတွက် သီရိမင်္ဂလာလမ်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထား ရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုယ်စား လက်မှတ်ရေးထိုးနိုင်ရေးအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲ ၂ နာရီတွင် ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Ly Quoc Tuan ၊ စစ်သံမှူး Mr. Dao Van Duy နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့က လာရောက်ဂါရဝပြုတွေ့ဆုံ
နေပြည်တော်၊ ဇူလိုင် - ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက် ရန်ရောက်ရှိနေသည့် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ်တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာအနီးတွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့သည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မြသိန်းတန်ဘုရားအနီးရှိ ရှားရောင်း ကျေးရွာ၊ မင်းကွန်း(မြောက်)ရွာနှင့် မင်းကွန်း(တောင်)ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ဈေးဆိုင်ခန်းများနှင့် နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၆ ဦး ထက်မနည်းကိုလည်း ဖမ်းဆီးသွားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပွဲကို ယနေမွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်းငုယင်ဖုကျောက်၏ နိုင်ငံတော်စျာပန အခမ်းအနားသို့ တက်ရောက်ရန်အတွက် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့မှ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အထွေထွေညီလာခံတက်ရောက်ရန် စင်ကာပူသမ္မတနိုင်ငံသို့ ထွက်ခွာ
နေပြည်တော်၊ ၂၀၂၄ ဇူလိူင် -၂၄
စင်ကာပူသမ္မတနိုင်ငံ၊ Swissotel The Stamford ဟိုတယ်၌ ဇူလိူင် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ ၏ (၃၆) ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်(အငြိမ်းစား) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် စင်ကာပူသမ္မတနိုင်ငံသို့ ထွက်ခွာကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ နှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ (၁၇)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ ၌ ပြုလုပ်ရာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သရေစည်သူ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက် ကျော်လွန်ခဲ့သဖြင့် ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာ/ရပ်ကွက်များ အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။























































