ငလျင်ဒဏ်သင့်ဒေသများတွင် ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံမှ ဆရာဝန်များ ရန်ကုန်မြို့သို့ရောက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ-၁၉

Saturday, April 19, 2025 - 16:45

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ငလျင်ဘေးသင့် ဒေသများ၌ ကျန်းမာရေးလုပ်ငန်းများကူညီဆောင်ရွက်ပေးရန် တရုတ်နိုင်ငံမှ ဆရာဝန် ၅၀ ဦးသည် ၎င်းတို့အသုံးပြုမည့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း ၅ တန်ကျော်နှင့်အတူ ယနေ့ ညနေ ၅ နာရီခွဲတွင်  China Eastern လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

အဆိုပါ တရုတ်နိုင်ငံမှဆရာဝန်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr. Ouyang Daobing နှင့်တာဝန်ရှိသူတို့က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။