အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပန အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုး စီးပွားကို အစဉ်အလေးထား စီမံဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် နိုင်ငံ့ ဝန်ထမ်းများ နိုင်ငံတော်၏တာဝန်ထမ်းဆောင်ရာတွင် စားဝတ်နေရေးနှင့်သက်သာချောင်ချိရေး ကို အထောက်အကူဖြစ်စေရန်အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပို ထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် General Kamal Gunaratne (Retd)က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Shri Ajit Doval က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
e-Government ဦးဆောင်ကော်မတီ၏(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။
၂၀၂၃-၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာ အောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီးများ၊ စစ်သည်အစားခန့်အရပ်သား ဝန်ထမ်းများ၏ သားသမီးများနှင့် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြသည်။ ဦးစွာ ထူးချွန်ဆုရ စစ်သည်များ၊ ကျောင်းသား၊ ကျောင်းသူများကို ပြတိုက်တာဝန်ရှိသူများက ပြတိုက်သမိုင်း၊ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုကိုရှင်းလင်းပြောကြားပြီး ထူးချွန်ဆုရ စစ်သည် များနှင့် ကျောင်းသား၊ ကျောင်းသူများသည် ပြတိုက်အတွင်း စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။ ထို့နောက် သူရဲကောင်းဗိမာန်သို့ သွားရောက် လေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု၊ ကျောက်တန်း ကလေးကျေးရွာအနီးတွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျဉ်းကတိုးကုန်းကျေးရွာမှ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပိန္နဲကုန်းကျေးရွာမှ ပြည်သူ ၅ ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားထား သည်ကိုတွေ့ရှိရသည်။



























































