ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ နေပြည်တော်၊ ၂၀၂၅ ဧပြီလ ၂၀ ရက်

Sunday, April 20, 2025 - 17:00

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်  စိုးကျော်ထက်နှင့် တာဝန်ရှိသူများက  ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက် တွေ့ဆုံသည်။

                 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် အဝတ် အထည်များပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများက နိုင်ငံ့သားကောင်းရတနာများအား လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။