ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်း ပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ် အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဖွင့်ပွဲ များကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာမြို့နယ် အသီးသီး၌ တစ်ချိန်တည်း စတင်ဖွင့်လှစ်ကြသည်။
ပင်လယ်ရေကြောင်းပညာများကို စိတ်ပါဝင်စားပြီး နိုင်ငံတော်အတွက် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်၍ ကျန်းမာကြံ့ခိုင်သည့် ထူးချွန်ထက်မြက် သော လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ခေတ်မီနိုင်ငံတော် တည် ဆောက်ရေးတွင် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအရေးပါကြောင်း လူငယ်များ သိရှိနားလည်စေရန်၊ လှေလှော်အားကစားနည်း၊ ရွက်တိုက်အား ကစားနည်းများ အတွက် ထူးချွန်သည့် အားကစားသမားများ မွေးထုတ်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် တပ်မတော်(ရေ)က ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များအတွက် ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅)နှင့်ရေကြောင်း လူငယ်တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)တို့ကို သက်ဆိုင်ရာမြို့နယ်အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် တစ်ချိန်တည်းဖွင့် လှစ်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်မြို့နှင့် ကိုကိုးကျွန်းမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဟိုင်းကြီးကျွန်းမြို့၊ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဟိန်းဇဲဒေသ၊ မြိတ်မြို့နှင့် ကျွန်းစုမြို့၊ ကရင်ပြည် နယ်တွင် ဘားအံမြို့နှင့် ရှမ်းပြည်နယ်တွင် ကျိုင်းတုံမြို့တို့ရှိ ရေကြောင်းလူငယ် စခန်းများ၌ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၈၀၀ ဦးတို့ဖြင့် အသီးသီး ဖွင့်လှစ်ကြပြီး အဆိုပါသင်တန်း ဖွင့်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ပြည်နယ် ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ ရေတပ်ကွပ် ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာန ချုပ်မှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ဖွင့်လှစ်ပေးကြသည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့် တန်းမြင့်သင်တန်းများတွင် တပ်မတော်(ရေ)သမိုင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာ ရပ်၊ အခြေခံစစ်ရေးပြနှင့် အခြေခံရေတပ်သား ဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင် ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာများ၊ အခြေခံ ရေတပ်သားအချက်ပြ ဆက်သွယ်ရေးဆိုင်ရာ၊ အခြေခံရေကူးနှင့် လှေလှော် ရွက်တိုက် နည်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းစခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းစတုတ္ထပတ်၌ ရန်ကုန်မြို့တွင် စုစည်း၍ စခန်း ပေါင်းစုံတွေ့ဆုံပွဲ၊ ဘာသာရပ်ဆိုင်ရာ စွမ်းရည်ပြိုင်ပွဲများလည်း ပြုလုပ်သွား မည်ဖြစ်သည်။
၎င်းအပြင် လေ့လာရေးခရီးစဉ်များအဖြစ် နေပြည်တော်ကောင်စီ နယ်မြေနှင့် ရန်ကုန်မြို့တို့ရှိ အထင်ကရနေရာများ၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ လေ့လာရေးနှင့် စစ်ရေယာဉ် လေ့လာရေးများ အပြင် ရန်ကုန်မြစ်ဝသို့ ရေလမ်းကြောင်းလေ့လာရေးခရီးစဉ် ပို့ဆောင်ခြင်းများ ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကို မေလ ၂၃ ရက် အထိ ရက်သတ္တ ၅ ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းသင်တန်းများကို ၁၉၅၉ ခုနှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အထိ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၅,၇၅၀ ဦးတို့အား ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အလားတူ ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ် များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လေကြောင်းပညာသမိုင်းကို လေ့လာခြင်းဖြင့် လေကြောင်းနှင့်အာကာသသိပ္ပံ ပညာရပ်များတွင် စိတ်၀င် စားမှု တိုးပွားလာစေရန်၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သောပညာရပ် များကို တတ်သိနားလည်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများတွင် အထောက် အကူဖြစ်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းမွန် မြင့်မားပြီး စည်းလုံးညီညွတ်စွာ စုပေါင်းဆောင်ရွက်မှု အလေ့အကျင့်ရရှိစေရန် နှင့် လူငယ်များ၏ ဝါသနာပါရာ လေ့ကျင့်မှုအနေဖြင့် မြှင့်တင်ပေးရန်၊ မျိုးဆက် သစ်လူငယ်မောင်မယ်များကို ယုံကြည်ချက်၊ ခံယူချက် မြင့်မားမှန်ကန်စေပြီး အနာဂတ်တပ်မတော်နှင့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်း အားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီး ချုပ်ရုံး(လေ)မှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် သင်တန်းစခန်းအပါအဝင် သင်တန်းစခန်း ၁၅ ခု၌ ကျင်းပသည်။
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)၊ နေပြည် တော်သင်တန်းစခန်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်း ပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
အခြေခံလေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းပညာသမိုင်း၊ လေကြောင်းလူငယ်သမိုင်း၊ လေယာဉ်ပျံသန်းမှုအခြေခံသဘောတရား၊ RC Simulator မောင်းနှင်ခြင်း၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းနှင့် အခြေခံစစ်ရေးပြ(လက်နက်မဲ့) ဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ် သည်။ တန်းမြင့်လေကြောင်းလူငယ်သင်တန်းတွင် လေကြောင်းဆိုင်ရာအခြေခံ ဗဟုသုတ၊ Airfield Procedure ၊ RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ Flight Simulator မောင်းနှင်ခြင်း၊ အခြေခံစစ်ရေးပြ(လက်နက်ပါ)၊ လွတ်လပ် ရေးကြိုးပမ်းမှုနဲ့ တပ်မတော်သမိုင်းကြောင်းဘာသာရပ်များ ထည့်သွင်းပို့ချပေး သွားမည်ဖြစ်ပြီး တပ်မတော်(လေ)တွင်ရှိသော ပျံသန်းရေးအုပ်များ ပြုပြင် ထိန်းသိမ်းရေးအလုပ်ရုံများတွင် လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့အပြင် သင်တန်းစခန်းများအလိုက် ထူးချွန်သင်တန်းသားများကို အမောင်း သင်လေယာဉ်/ ရဟတ်ယာဉ်များအား နည်းပြဆရာများနှင့်အတူ ကိုယ်တိုင်လိုက်ပါမောင်းနှင်ပျံသန်းခွင့် ရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကာ နေပြည်တော်ကောင်စီနယ်မြေ၌ စုဖွဲ့ချိန်တွင်လည်း အခြေခံ လေကြောင်းလူငယ်သင်တန်းသားများအား အခြေခံစစ်ရေးပြ(လက်နက်မဲ့) ပြိုင်ပွဲ၊ RC Simulator နှင့် RC လေယာဉ်/ ရဟတ်ယာဉ်မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး တန်းမြင့်လေကြောင်းလူငယ်သင်တန်းသားများ အား အခြေခံစစ်ရေးပြ (လက်နက်ပါ)ပြိုင်ပွဲ၊ Flight Simulator နှင့် RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ် သည်။
သင်တန်းကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်မြို့ တို့ရှိ တန်ခိုးကြီး ဘုရားများ၊ အထင်ကရနေရာများ၊ လေတပ်စခန်းဌာနချုပ်များ နှင့် လေတပ်စခန်းများရှိ ပျံသန်းရေးအုပ် များကို လေ့လာရေးခရီးစဉ်များ ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး တပ်မတော်လေယာဉ်နှင့် တပ်မတော်စစ် ရေယာဉ်များကိုပါ လိုက်ပါစီးနင်းခွင့်ရရှိအောင်လည်း ဆောင်ရွက်ပေးသွား မည်ဖြစ်၍ သင်တန်းသားများအနေဖြင့် အတွေ့အကြုံအသစ်များ ဗဟုသုတ အသစ်များရရှိမည် ဖြစ်သည်။
ထို့နောက် စစ်ဦးစီးအရာရှိချုပ်(လေ)နှင့် တာဝန်ရှိသူများက သင်တန်း သားများအတွက် အသုံးအဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ခင်းကျင်းပြသ ထားသော သင်ထောက်ကူ ပစ္စည်းများနှင့်တပ်မတော် (လေ)ပြကွက်များအား လှည့်လည် ကြည့်ရှု့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မြန်မာပြည် မြောက်ပိုင်းသင်တန်း စခန်းနှင့် မိတ္ထီလာသင်တန်းစခန်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့တွင် မြန်မာပြည်တောင်ပိုင်း သင်တန်းစခန်း၊ မင်္ဂလာဒုံမြို့တွင် ရန်ကုန်သင်တန်းစခန်း၊ ကိုကိုးကျွန်းမြို့တွင် ကိုကိုးကျွန်းသင်တန်းစခန်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မော်လမြိုင်သင်တန်းစခန်း၊ ရှမ်းပြည်နယ် နမ့်စန်မြို့တွင် နမ့်စန် သင်တန်းစခန်း၊ တောင်ကြီးမြို့တွင် တောင်ကြီးသင် တန်းစခန်း၊ ကျိုင်းတုံမြို့တွင် ကျိုင်းတုံသင်တန်းစခန်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် တောင်ငူ သင်တန်းစခန်း၊ ပြည်မြို့တွင် ပြည်သင်တန်းစခန်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြိတ်သင်တန်းစခန်း၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့တွင် မကွေးသင်တန်းစခန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပုသိမ်သင် တန်းစခန်းတို့အား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူး များ၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ လေတပ်စခန်း ဌာနချုပ်မှူးများနှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါအခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းများအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ မေလ ၂၃ ရက် အထိ ဖွင့်လှစ်ပို့ချသွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။
၂၀၂၅ ခုနှစ်၊ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်း များနှင့် တန်းမြင့်သင်တန်းများ စတင်ဖွင့်လှစ် နေပြည်တော်၊ ၂၀၂၅၊ ဧပြီ - ၂၂
Tuesday, April 22, 2025 - 17:15