ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ ၂၀ ရက်

Sunday, April 20, 2025 - 17:00

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာကောင်းမှု တော်စေတီ၊ ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာ တက္ကသိုလ်၊ ရွာထောင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ ပန်းပဲတန်းရပ်ကွက်ရှိ လူနေအဆောက်အဦများနှင့် မင်းလမ်းရပ်ကွက်ရှိ ရတနာဗိမာန် ထူပါရုံရွှေကျောင်းတိုက်နှင့် စစ်ကိုင်းမြို့ စည်ပင်သာယာဈေးများသို့ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိကအဆောက်အဉီများနှင့် ကျောင်း ဆောင် အဆောက်အဦများအား  တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း ၍ စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများကို  သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မွန်လွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်တွင် မလေးရှာနိုင်ငံ ဆေးဘက်ဆိုင်ရာကုသရေးအဖွဲ့မှ ယာယီဆေးရုံဆောက်လုပ်နေမှုအားလည်းကောင်း၊ ထို့နောက် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီ၊ ဥမင်းကိုးဆယ်စေတီ၊ နန်းဦး မြို့သစ်ရှိ မရှိခဏစေတီ၊ မဟာလှစေတီများသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီလျက်ရှိသော သာသနိကအဆောက်အဦများနှင့် ကျောင်းဆောင် အဆောက် အအုံများကို ရှင်းလင်းဖယ်ရှားနေမှုများအားလည်းကောင်း၊ နန်းဦးမြို့သစ်ရှိ ငလျင်ဒဏ် သင့်ပြည်သူများ စောက်ရှောက်ရေးစခန်းများသို့လည်းကောင်း၊ ငလျင်ဒဏ်သင့်ပြည်သူ များ ကျန်းမာရေးစောက်ရှောက်မှုအတွက် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဆောင်ရွက်ပေးနေမှုများအားလည်းကောင်း  ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
    အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အင်ကြင်း ကွန်ဒိုနေရာ၊ Irawaddy River View ဟိုတယ်နေရာ၊ အမရပူရမြို့နယ်ရှိ မဟာစန္ဒာ မုနိဘုရား၊ ဆင်ဖြူမယ်ဆုတောင်းပြည့်ဘုရားနှင့် အောင်မြေရွှေဘုံမြတ်စွာဘုရားတို့အား သွားရောက်၍ ငလျင်ဒဏ်သင့်၍ ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား နိုင်ငံ တကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် ချမ်းမြသာစည်မြို့နယ်ရှိ ရွှေဘုံသာကျောင်း တိုက် ဆရာတော်အား သွားရောက်ဖူးမျှော်၍ အလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်တွင်းရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသည့်နေရာများအား ကြည့်ရှု စစ်ဆေးကာ  တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ စန္ဒာမုနိဘုရား သို့ သွားရောက်ဖူးမျှော်၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရားပရဝုဏ် အတွင်း ငလျင်ဒါဏ်ကြောင့် ပျက်စီးသွားသော အပျက်အစီးများ ဖယ်ရှားရှင်းလင်း နေမှုများကို ကြည့်ရှုစစ်ဆေးပြီး  ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက် နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ၎င်းနောက် အောင်မြေသာစံမြို့နယ်ရှိ  မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီ၊ ဘုရားနီဆုတောင်းပြည့်မြတ်စွာဘုရား၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ယာစေတီ၊ မဟာအောင်မြေမြို့နယ်ရှိ သာသနာပိုင်တိုက် ရတနာစံကျောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မြေစွန်းဝင်ဘုရား နေရာတို့အား သွားရောက် ၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု များအား သွားရောက်ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်ခရိုင်အတွင်းရှိ  ကျောက်ဆည်မြို့၊ အထွေထွေ ရောဂါကုဆေးရုံကြီးနှင့် စဉ့်ကိုင်မြို့၊ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံများသို့သွားရောက်၍ ဆေးရုံတက်လူနာများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဆေးရုံအတွင်း/ အပြင်သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ထို့နောက် စဉ့်ကိုင်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး သို့သွားရောက်စစ်ဆေး ခဲ့ပြီး ပြန်လည်တည်ဆောက်ရေးကာလတွင် မြို့သန့်ရှင်းသာယာလှပရေး၊ တစ်ခါသုံး ရေဗူး၊  တစ်ခါသုံးအမှိုက်အိတ်များ ကင်းစင်ရေးအတွက် ပညာပေးကာလ၌ တွန်းအား ပေး ဆောင်ရွက်ရန်၊ မြို့အင်္ဂါရပ်နှင့်ညီညွတ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သက်ဆိုင်ရာစည်ပင် သာယာရေးကော်မတီအနေဖြင့် အဆောက်အဦများ ပြန်လည် တည်ဆောက်ခွင့်တင်ပြလာချိန်တွင် ငလျင်ဒဏ် 8 magnitude ခံနိုင်သည့်အဆောက် အဦများ ဆောက်လုပ်ခွင့်ပြုရန်အတွက် နိုင်ငံတကာစံချိန် စံညွှန်းနှင့်အညီ SOP ကြိုတင်ရေးဆွဲထားရန်လိုအပ်ပြီး ရေးဆွဲ ထားသည့် SOP နှင့်အညီ စိစစ်၍  ဆောက် လုပ်ခွင့်ပြုသွားရန်နှင့် ပြန်လည်တည်ဆောက် မှုများအပေါ် အသေးစိတ်စစ်ဆေးဆောင် ရွက်ရန် လိုကြောင်းမှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။ ၎င်းနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံး(စဉ့် ကိုင်) သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ပျက်စီးသွားသောအဆောက်အဦများ အမြန် ပြုပြင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနသို့အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှုခံယူသွားရန်မှာကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်)၊ အခြေခံ ပညာအထက်တန်းကျောင်း(ပုလိပ်)၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာ အုပ်စုရှိ ကွန်ပျူတာ တက္ကသိုလ်(မန္တလေး)နှင့် အခြေခံပညာအထက်တန်းကျောင်း (ဘဲလင်း) ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီး  ယခုနှစ်ပညာသင်နှစ်အမှီ ကျောင်းအပ်နှံလာမည့် ကျောင်း သား/သူများ ခန့်မှန်းအင်အားအတိုင်း စာသင်ဆောင်များ လုံလောက်မှုရှိစွာဖြင့် ပညာ သင်ကြားနိုင်ရေးနှင့် ပျက်စီးသွားသောစာသင်ဆောင်များ အမြန်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အမြန်ဆုံးတင်ပြ၍ လမ်းညွှန်မှုခံယူ သွားရန်၊ ဝန်ထမ်းများ လုံခြုံစွာနေထိုင်နိုင်ရေး၊ စားသောက်မှုအဆင်ပြေချောမွေ့စေရေး အတွက် တာဝန်ရှိသူများမှ အလေးထားဆောင်ရွက် ပေးသွားရန်မှာကြားပြီး ကျောင်းအုပ်ကြီး များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ သာလေးကျေးရွာ အုပ်စု၊ နမ့်ဟူးကျေးရွာရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော အင်းလေးဖော်တော်ဦး မြတ်စွာဘုရားပြန်လည်ပြုပြင်တည်ဆောက်ရာတွင် Sheet Pile ရိုက်ခြင်း၊ Cement Grouting ထိုးခြင်း၊ စကျင်ကျောက်ပြားကပ်ခြင်းနှင့်အင်းလေးဒေသပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် အသုံးပြုမည့်   စက်ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ နမ့်ပန် ကျေးရွာ၊ မော်တော်ဇုန်လှေဆိပ်၌ ရောက်ရှိနေမှုအခြေအနေများအား သွားရောက် ကြည့်ရှု၍ စက်ယန္တရားများ အင်းလေးဒေသသို့ အန္တရာယ်ကင်းရှင်းစွာ အချိန်မီရောက်ရှိ အောင် သယ်ဆောင်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အင်းလေး ဖော်ဦးဘုရားသို့ ရောက်ရှိကြပြီး အင်းလေးဖောင်တော်ဦးဘုရား ကိန်းဝပ်ရာ ရတနာ စံကျောင်းတော်ကြီး အောင်ခြေ RC ကွန်ကရစ်တိုင်များ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးနိုင်ရန် ပြန်လည်တူးဖော်နေသည့် လုပ်ငန်းအခြေအနေများနှင့် ရင်ပြင်တော်၍ စကျင် ကျောက်ပြားများ ပြန်လည်တူးဖော် နေသည့် လုပ်ငန်းအခြေ အနေများအား  လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။ 
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သာလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ယာယီဖွင့်လှစ်ထားသည့် ငလျင်ကယ်ဆယ်ရေးစခန်း၌ ငလျင် ဒဏ်သင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး မီးဖိုချောင် သုံးပစ္စည်းများ၊ မိသားစုအသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ  ပေးအပ် ပြီး ငလျင်ဒဏ်သင့်ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။