တရုတ်​ပြည်သူ့သမ္မတနိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်း များ အဋ္ဌမအကြိမ် ရန်ကုန်မြို့သို့ရောက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ-၂၂

Tuesday, April 22, 2025 - 17:15

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ ရသောငလျင်ဒဏ်သင့် ​ဒေသများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများတင်ဆောင်လာသော Air China Cagro လေယာဉ်သည်အဋ္ဌမအကြိမ်အဖြစ် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ရောက်ရှိ သည်။

အဆိုပါလေယာဉ်ဖြင့် ဆေးဝါးများ(၃၇၉၀၃)Kg ပါရှိပြီး ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ရောက်ရှိစဉ် ရန်ကုန်တိုင်း​​သေကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံခြား​ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်​နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Counsellor ဖြစ်သူ Mr.Ouyang Daobing နှင့်တာဝန်ရှိသူများက ကြိုဆိုလက်ခံကြသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ Counsellor ဖြစ်သူ Mr.Ouyang Daobing ကလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပစ္စည်းများပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လက်ခံရယူသည်။

အဆိုပါရောက်ရှိလာသည့်ပစ္စည်းများအား တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များ ပေါ်သို့တင်ဆောင်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။