ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ် ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ ၂၃ ရက်

Wednesday, April 23, 2025 - 17:30

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန် နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်နှင့် ပါရမီရပ်ကွက်ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့ သွားရောက် ထောက်ပံ့ပစ္စည်းများ ပေးဝေနေမှုအားလည်းကောင်း၊ သောတပန်ရပ်ကွက်ရှိ သုတေသကသီလရှင်ကျောင်း တိုက်၊ ဇနကရာမကိုးကန့်ကျောက်တိုက်၊ ပန်းဘဲတန်းရပ်ကွက်နှင့် ရွာထောင်ရပ်ကွက် တို့ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးလျက်ရှိသော သာသနိကအဆောက်အအုံများ၊ လူနေအဆောက်အအုံများကို စုပေါင်းရှင်းလင်းဖယ်ရှားနေမှုများအားလည်းကောင်း၊ ပါရမီရပ်ကွက်နှင့် ရန်နိုင်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်သင့်ပြည်သူများ စောင့်ရှောက်ရေး စခန်းများ၌ ကျန်းမာရေးဆိုင်ရာများအားလည်းကောင်း၊ စီတီးရပ်ကွက်ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီနှင့် ကျောက်ဆစ်ရပ်ကွက်ရှိ နည်းပညာတက္ကသိုလ်(စစ်ကိုင်း)တို့၌ ပြိုကျပျက်စီနေသော သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများအား လည်းကောင်း၊ စစ်ကိုင်းတောင်ရိုးရှိ၊ ဆွမ်းဦးပုညရှင် စေတီတော်နှင့် ရှင်ဖြူရှင်လှစေတီ များသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီနေသော သာသနိကအဆောက် အအုံများ၊ အရန်စေတီများကို ဖယ်ရှာရှင်းလင်နေမှုတို့ကိုလည်းကောင်း၊ စစ်ကိုင်းမြို့ အတွင်းရှိ သာသနိကအဆောက်အအုံများကို ပြန်လှည်ပြုပြင်မွမ်းမံတည်ဆောက်ရန် အတွက် တပ်မတော်(ကြည်း/ရေ/လေ) မိသာစုများမှ လှူဒါန်းသည့် ဘိလပ်မြေအိတ် (၁၈၀)တန်ရောက်ရှိနေမှုကိုလည်းကောင်း၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင် စေတီတော်၌ ပြိုကျပျက်စီနေသော သာသနိကအဆောက်အအုံများ ဖယ်ရှာရှင်းလင်းနေမှု ကိုလည်းကောင်း၊ ပိုးတန်ရပ်ကွက်ရှိ လူနေအဆောက်အဦးနှင့် မြို့မရဲစခန်းတို့တွင် ပြိုကျပျက်စီနေသော အဆောက်အအုံများရှင်း လင်ဖယ်ရှာနေမှုတို့ကိုလည်းကောင်း၊ ပါရမီရပ်ကွက်ရှိ ပြိုကျပျက်စီနေသော စီမံကိန်းနှင့်ဘဏ္ဍရေးဝန်ကြီးဌာန၊ စီမံကိန်းရေး ဆွဲရေးဦးစီးဌာန စစ်ကိုင်းခရိုင်စီမံကိန်းဦးစီးရုံး၏ ဝန်းထမ်းအိမ်ယာကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်၊ စန္ဒာမုနိဘုရားများသို့ သွားရောက်ဖူးမြော် ကြည်ညို၍ ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုနှင့် ဆောင်ရွက် ပြီးစီး မှုအခြေအနေများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ ထို့နောက် ချမ်မြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီး၌ အပျက်အစီး များအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများလည်းကောင်း၊ မဟာမုနိ ဘုရားကြီးကျောင်းတော်ကြီး၏ ထီးတော်ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး စီမံထားရှိမှု အခြေအနေများအား ထီးတော်အနီးထိ ကရိန်း၊ ဒရုန်းတို့ဖြင့်လည်းကောင်း အနီးကပ် ပတ်လည်ကြည့်ရှုစစ်ဆေး၍ ရှေးမူမပျက် မူလအတိုင်း ပြန်လည်ပြုပြင်တည်ဆောက် ရေး၊ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရွှေကျီးမြင်ဘုရား၊ ချမ်းအေးသာစံမြို့နယ်ရှိ မဟာသကျသီဟဘုရား၊ မဟာအောင်မြေမြို့နယ်ရှိ သာသနာ ပိုင်ကျောင်းတိုက် ရတနာစံကျောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ချမ်းအေး သာစံမြို့နယ်ရှိ Golden City Hotel နေရာများသို့ သွားရောက်၍ ကူညီကယ်ဆယ် ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နေသည်များကိုလည်းကောင်း၊ ဖယ်ရှား ရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဘုရားစေတီပုထိုး များတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း (ကျောက်ဆည်)၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့် မြို့မိမြို့ဖများစုပေါင်း၍ ပြိုကျပျက်စီးသွားသော အပျက်အစီးများကို ဖယ်ရှားရှင်းလင်းနေမှုများ၊ ကျောင်း အတွင်း/အပြင်သန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်နေမှုများအားကြည့်ရှုပြီး အချိုရည်နှင့်ရေသန့်ကတ်များ ပေးအပ် သည်။
ထို့နောက် ကျောက်ဆည်မြို့၊ မြင်စိုင်းမြို့ဟောင်းမြို့ကွက်(ဂ)အတွင်းရှိ ငလျင် ဒဏ်ကြောင့် ကွဲအက်ပျက်စီးသွားသော ရှေးဟောင်းသမိုင်းဝင် နန်းဦးဘုရားအား သွားရောက်ကြည့်ရှု၍ နန်းဦးဘုရားအား ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက် မည့် အစီအမံများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ သောကြာကြယ် ပရဟိတပညာရေးအကူအညီ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်အားဖူးမြော်၍ ဆန်နှင့်ဝတ္ထုငွေများပေးအပ်လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူ (၈၀၀)ဦးခန့် နေထိုင်စားသောက်ရေးအဆင်ပြေစေရေးအတွက် တာဝန်ရှိသူ များနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ယင်းနောက်  ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် Modular House များ လှူဒါန်းပေးအပ်ပွဲနှင့် ကျောက်သေတ္တာစေတီ ပြုပြင်ထိန်းသိမ်းရေး အလှူ ငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အလှူငွေအားလက်ခံပြီး လှူဒါန်းပေးမှု အပေါ် ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် သည်။
    ၎င်းနောက်  ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ (၁၅)လမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံများရှင်းလင်းနေမှုနှင့် စဉ့်ကိုင်မြို့၊ ရန်နိုင်ရပ်ကွက်၊ ဗိုလ်တေဇလမ်းပေါ်ရှိ အန္တရာယ်ရှိ အဆောက်အအုံများရှင်းလင်းနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။