news

အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit)ကို ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ ဟိုင်ဂန်ကွန်ဗင်း ရှင်းစင်တာ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်တက်ရောက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ပေါ်ရှိ လက်ဆည်ရပ်ကွက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နိုဝင်ဘာလ(၅)ရက်နေ့တွင် ဝင်ရောက်မီးရှို့ပြီး အရပ်သားတွေကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများကမဟုတ်မမှန် သတင်းတု၊ သတင်းအမှား များ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ နယ်မြေခံသင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိုးရာသီ စခန်းချလေ့ကျင့်ရေးဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက နယ်မြေခံသင်တန်း ကျောင်းခန်းမ၌ သွားရောက် တွေ့ဆုံသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ထိပ်သီးအစည်းအဝေး များတက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ တွေ့ဆုံသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြု လုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်ရောက်ရှိနေသည့် ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးအဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများအထိတ်တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့် အကြံအစည်များဖြင့် အကြမ်းဖက်သမားများသည် အရှေ့ဘက်အရပ်မှ ယနေ့နံနက်ပိုင်း လယ်ဝေးမြို့နယ်အတွင်းသို့ ဒေသန္တရလုပ် Fixed Wing အချို့ စမ်းသပ်ပစ်လွှတ်ခြင်းဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်နိုင်ရန် ကြံစည်ကြိုးပမ်းလာခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်လန်မြို့နယ်၊ မန်ခိုင်ကျေးရွာနှင့် ပန်ဟိုက် ကျေးရွာများကို MNDAA အကြမ်းဖက်သောင်းကျန်းသူများက ယနေ့မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း သိရှိရသည်။