ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပြင်စည်ဈေးအား ၂၁ ရက်နေ့ကစ၍ ဖျက်သိမ်းရန် ပဲခူးမြို့စည်ပင်မှပြောကြားခဲ့ပြီး ဈေးဖျက်သိမ်းတဲ့နေရာမှာ လမ်းနှင့်မလွတ်သော နေရာအဆောက်အဦများ ဖျက်ပေးရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် DVB မှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ ရှိရသည်။
news
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ် (၅၀)လုံးထက်မနည်းအား ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တပ်ချထားခြင်းမရှိဘဲ တပ်မတော်က နေအိမ်ရှိပစ္စည်းများဝင်ခိုးပြီး မီးရှို့ ဖျက်ဆီးသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့် ဝေနေသည်ကို တွေ့ရှိရသည်။
TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား ဖြိုချဖျက်ဆီးပြီးဌာပနာထည့်သွင်းပူဇော်ထားသည့် ရတနာများအား ယူဆောင်သွားမှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များထုတ်ပြန်
နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၂
လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဗုဒ္ဓဘာသာ ဝင်များ ယုံကြည်ကိုးကွယ် ပူဇော်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတု တော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဗုံးများ ပစ်ချ တိုက် ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်း၊ ဘုရား၊ စေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ခြင်း စသည့် ဗုဒ္ဓဘာသာကိုစော်ကားသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။ ယခုတွင်လည်း TNLA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီ တစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီအတွင်း ဌာပနာထားသည့် ပစ္စည်းများအား ယူဆောင်သွားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မမင်းအောင်လှိုင်
“(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀၀၀ (၂ တန်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်စဉ် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ လိုက်ပါလာသော မော်တော် ယာဉ် ၅ စီးအား တွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ် စတင်ပစ်ဖောက်မှုဆောင်ရွက်လာသည့် အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး PNLO အဖွဲ့မှ ၎င်းတို့ယာဉ်တန်းမှ ယာဉ်များ အား မီးရှို့ ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်များပေါ်ရှိ ခဲယမ်းဟု ယူဆရသော ပစ္စည်းများ ပေါက်ကွဲ၍ စံဖူးကျေးရွာရှိ ဒေသခံပြည်သူများ၏နေအိမ်များသို့ မီးများကူးစက်ခဲ့ပြီး နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့သည့် သတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ မီးလောင်ပျက်စီးခဲ့သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် မီးဘေးသင့်ပြည်သူများအား ဆန်၊ လူသုံး ကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေများသွားရောက် ထောက်ပံ့ ပေးအပ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၈ / ၂၀၂၄
၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်
(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်)
ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၇ / ၂၀၂၄
၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်
(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်)
ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရာအိမ်မှူးအချို့ စစ်သင်တန်းတက် ခိုင်းသဖြင့် နုတ်ထွက်စာတင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ ရှိရသည်။
ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတောကျေးရွာကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ပြည်သူ အချို့ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီလ ၂၁ ရက်
ဆားလင်းကြီးမြို့နယ်၊ ကျွဲခိုတောကျေးရွာအား ဇန်နဝါရီလ ၂၀ ရက်နေ့က တပ်မတော်မှ တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူအချို့သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာဖြစ်သည့် Khit THit က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။