news

          အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊  ပြည်သူ လူထု အထိတ်တလန့်ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူပိုင် အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဗုဒ္ဓဘာသာ ဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိက အဆောက်အဦများ အပါအဝင်  အခြားဘာသာဝင် များ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုး ကျောင်းများအား  Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်သိရှိပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုဖွင့်လှစ်သည့် ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုဖွင့်လှစ်

နေပြည်တော် ၊ ဇန်နဝါရီ - ၂၁

          (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အနော်ရထာလမ်းရှိ အဆိုပါ ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးသည်။

   ‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ ဘုရားစေတီ(၁၁)ဆူမှ ဘဏ္ဍာ တော်ထိန်းဂေါပက အဖွဲ့ဝင် ၇၂ ဦး၊ အုပ်ချုပ်သူ ၂ ဦးနှင့် နတ်တလင်းခရိုင်အတွင်းရှိ ဘုရားစေတီ(၈)ဆူမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၃၇ ဦး၊ အုပ်ချုပ်သူ ၂ ဦး စုစုပေါင်း ၁၁၃ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင်တည်ထား ပူဇော်သည့်ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။ 

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးခရိုင်၊ ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသော ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက  စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာ သို့ရောက်ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများလိုက်ပါ၍ Canter ယာဉ် ၂ စီး၊ Honda Fit ယာဉ် ၁ စီး၊ ဖိုးဝှီးယာဉ် ၂ စီး စုစုပေါင်း မော်တော်ယာဉ် ၅ စီးပါယာဉ်တန်းအား တွေ့ရှိသဖြင့် လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးက သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက်လာ သည့်အတွက် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်   ဇန်နဝါရီ  ၂၁

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္က သိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

          မိုးမိတ်မြို့သို့ တပ်မတော်မှလေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၁၉ ရက်နေ့တွင် မြို့မဈေးရှိ ဆိုင်ခန်း ၃၀၀ ကျော် မီးလောင်ခဲ့သည့်အပြင် နေအိမ်အချို့လည်း မီးလောင်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်းကျောင်းသို့ သွားရောက်၍ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြား

နေပြည်တော်၊ ဇန်နဝါရီ - ၂၀

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သွားရောက် တွေ့ဆုံ အမှာ စကားပြောကြားသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။