news

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

            မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ  Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသ တွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာ ရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင် ၉၁ ဦး၊ အုပ်ချုပ်သူ ၅ ဦး စုစုပေါင်း ၉၆ ဦး တို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင် ဇန်နဝါရီ ၁၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သောင်း ကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ဆယ်နဲ့ချီကို ဖမ်းဆီးခဲ့ကြောင်းနှင့် မောင်မယ်ရှောင်ကျေးရွာမှ ဆိုင်ကယ် ၇ စီး ထက် မနည်း ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

          ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ ‌ဆင်တဲကုန်း၊ ဝါးဖြူချောင်း၊ သိုက်ဝါးချောင်း၊ နွယ်ခွေ၊ ညောင်ကုန်း၊ ဝင်းသရက်၊ ကိုင်းတောစု၊ ချောင်းစောက်၊ ကိုင်းချိုကြီး၊ မြေပြာ၊ ဆည်ရွာ၊ လင်းနေစန်း၊ ကမ်းနီ၊ တံငါးကုန်း၊ ရွာရှောင်၊ ကျွဲဖြူမနှင့် ရွှေကြာအင်း ကျေးရွာများကို ပုဒ်မ ၁၄၄ ထုတ်ထားကြောင်း၊ အဆိုပါကျေးရွာများမှ ပြည်သူများကို ရွာထဲမှမောင်းထုတ်နေပြီး ထွက်ခွာခြင်းမရှိသူ များကို ပစ်သတ်မည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ ရက်နေ့တွင် ခြိမ်းခြောက်ပြောဆိုနေကြောင်း  သတင်းတု၊ သတင်းအမှားများကို Khit Thit Media က မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့၌ ကျင်းပပြုလုပ်ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပြည်နယ်တိုင်းဒေသကြီး အသီးသီးမှ ယုရားဖူး ဂေါပကအဖွဲ့များအား လာရောက်လျှက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် အတွင်းရှိ ဘုရားစေတီများမှဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ လာရောက်ဖူးမြော်ကြည်ညို ကြရာ အဆိုပါ ဂေါပကအဖွဲ့များ၏ စကားသံများအား ဖော်ပြလိုက်ရပါသည်။

   ‌ကရင်ပြည်နယ်၊ မြို့နယ်များအတွင်းရှိဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင် ၄၃ ဦး၊ အုပ်ချုပ်သူ ၅ ဦး စုစုပေါင်း ၄၈ ဦး တို့သည် ယနေ့နံနက်ပိုင်း တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးခဲ့ ကြောင်းနှင့် ဆားထုံးကျေးရွာက နေအိမ် ၈ လုံးနှင့် တဲ ၁ လုံးတို့ကို  လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။