news

PDF အမည်ခံအကြမ်းဖက်​သမား ၁၃၀ ဦးခန့်သည် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ် အတွင်းသို့ တောင်ဘက်မှဝင်ရောက်၍ ပညာသင်ကြားပြသနေသော ဆရာ၊ ဆရာမများ၊ တက်ရောက်ပညာသင်ယူလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်းများအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားသည်။

          PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ဆင်ခြင်တုံတရားမဲ့စွာဖြင့် နည်းမျိုးစုံအသုံးပြုလျက် လုံခြုံရေး တပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် အကြမ်းဖက်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

          မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ လူငယ်အမျိုးသား ၅၀ ဦး ထက်မနည်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးငွေညှစ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က အများပြည်သူ စိုးရိမ်ထိတ်လန့်စေရန်အတွက် လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)နှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ ခရိုင်များတွင် တာဝန်ထမ်းဆောင်နေသော လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)များနှင့် ကြီးကြပ်သူ စုစုပေါင်း ၁၁၅ ဦးတို့သည် ယနေ့နံနက် ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာ များ လာရောက် ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို ဖေဖော်ဝါရီ ၂၃ ရက် နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေကြောင်း သတင်းတု၊ သတင်းအမှား များအား တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည် ကို တွေ့ရှိရသည်။