မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ နံနက် ၁ နာရီအချိန် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ရန်ကုန်မြို့မှ ဘားအံသို့ ယာဉ်မောင်း ရန်နိုင်စိုး မောင်းနှင်ပြီး သီဟစိုး(ခ)မောင်စိုး လိုက်ပါလာသော မှန်လုံယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေရာ ယာဉ်မောင်းထိုင်ခုံအောက် တူးဘောက်အတွင်းမှ အိုက်စ်(မက်သ်အဖက် တမင်း) ၁၂၅ ကီလိုအား ဖမ်းဆီးရမိပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ရန်ကုန်မှဘားအံသို့ သယ်ဆောင်ခိုင်းသူ စိုးမင်းအား ယင်းနေ့ နံနက် ၁၁ နာရီအချိန်တွင် ဘားအံမြို့နယ်၊ ခနမ်းဒိုကျေးရွာအနီး ဘားအံ-မြဝတီသွား ကားလမ်းတွင် GRAND STAREX မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များ အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရန်ကုန်မြို့မှတစ်ဆင့် မြဝတီမြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။