၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် Grade 12 ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို နေပြည်တော် ဇွန် ၁၇

Tuesday, June 17, 2025 - 15:30

          နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်း သား/ကျောင်းသူများသည် စာမေးပွဲပထမနေ့ ဇွန် ၁၆ ရက်မှစတင်၍ သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက် ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၆၂၈၀၀ ဦး (ဖြေဆို ရာခိုင်နှုန်း ၉၈.၆၃ ရာခိုင်နှုန်း) ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရှိ ရသည်။  

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ စာမေးပွဲလာရောက်ဖြေဆို ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးကြသည့် မိဘအုပ်ထိန်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြ မည့် ကျောင်းသား/ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲများ ဖြေဆိုနိုင်ရန် ဧပြီ ၂၈ ရက်မှစတင်ကာ သတ်မှတ်ထားသည့် မြို့နယ်များရှိကျောင်းများ၌ လေ့ကျင့် သင်ကြား ရေးစခန်း(Camp)များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လည်း မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ် များနှင့် အခြားလိုအပ်သည်များကို စနစ်တကျ စီမံဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။