အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့

Thursday, June 12, 2025 - 16:00

အိန္ဒိယလေကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော်၊  ဇွန် - ၁၂

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ အမီဒါဘက်မြို့အနီး၌ အိန္ဒိယလေ ကြောင်း AI-171 ပျက်ကျခဲ့မှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရမှုများ အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ ထံသို့ ပေးပို့သည်။

အဆိုပါ သဝဏ်လွှာတွင် အိန္ဒိယလေကြောင်းလိုင်း AI-171 သည် ၁၂-၆-၂၀၂၅ ရက်တွင် အိန္ဒိယသမ္မတနိုင်ငံ၊ အမီဒါဘတ်မြို့အနီး၌ ပျက်ကျခဲ့ပြီး လူအများအပြား အသက် ဆုံးရှုံးခဲ့ရသည်ကို သိရှိရသည့်အတွက် များစွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါ ကြောင်း၊ ယခုကဲ့သို့ ဝမ်းနည်းပူဆွေးရသည့်အချိန်ကာလတွင် မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား မိမိအနေဖြင့် အဆွေတော်နှင့် အိန္ဒိယပြည်သူများထံသို့ ဝမ်းနည်း ကြောင်းနှင့် စာနာထောက်ထားကြောင်းကို ဖော်ပြအပ်ပါကြောင်း၊ ​ယခုကဲ့သို့ ဆိုးရွားသည့် မတော်တဆဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၊ ၎င်းတို့၏ မိသားစု ဝင်များနှင့် ထိခိုက်ခံစားရသူအားလုံးအတွက် မိမိတို့အနေဖြင့် သတိရအောက်မေ့၍ ဆုမွန်ကောင်းများ ပို့သလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဝမ်းနည်းပူဆွေးရသည့် အချိန် တွင် မြန်မာနိုင်ငံက အိန္ဒိယသမ္မတနိုင်ငံနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်လျက် ရှိပါကြောင်းနှင့် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်းဖြင့် ဖော်ပြပါရှိသည်။