ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄)သို့ တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး နေပြည်တော်၊ ၂၀၂၅ ဇွန်-၁၄

Saturday, June 14, 2025 - 15:00

            ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၄) သို့ တက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်အားကစားခန်းမ၌ ပြုလုပ်ရာ  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ကြသည်။

            ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က အမှာစကားများ ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအတွက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။