ချောင်းရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ရွှေညောင်မြို့ပေါ်ရပ်ကွက်များ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ ၂၀၂၅ ဇွန် ၁၂ ရက်

Thursday, June 12, 2025 - 15:45

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ယနေ့မွန်းလွဲပိုင်းတွင် တာယောချောင်းရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရွှေညောင် မြို့ပေါ်ရှိ ရတနာရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်နှင့် မင်္ဂလာရွှေဘိုရပ်ကွက်များ အတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည်။

အဆိုပါရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာ လှိုင်ဘုံသာရပ်ကွက်၊ ပရိယတ္တိစာသင်တိုက်အတွင်းရှိ ဇေယျာသီရိ ဓမ္မာရုံနှင့် မင်္ဂလာအေင်မြေရပ်ကွက်ရှိ ဒက္ခိဏာရာမဘုန်းတော်ကြီးကျောင်းတိုက်များသို့ ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု၍ ရေဘေးသင့် ပြည်သူများ အား တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။ ထို့အပြင်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က ရေဘေးသင့်ပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။