ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ ငပြေမ ကျေးရွာ၊ ကုန်းတန်းကျေးရွာ၊ မရမ်းကွင်းကျေးရွာနှင့် ကညင်ချောင်းကျေးရွာတို့တွင် ဇန်နဝါရီ ၁၂ ရက်နေ့က စမတ်ကတ်၊ မှတ်ပုံတင်နှင့် ဧည့်စာရင်းများ လိုက်လံ စစ်ဆေးပြီး မရှိသူတွေကို ရိုက်နှက်ခြင်း၊ ငွေညစ်ခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင် များက လုပ်ဆောင်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ DVB က သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
news
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ဇန်နဝါရီလ ၉ ရက်မှ ၁၄ ရက်နေ့ထိ အပန်းဖြေ ခရီး သွားရောက်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ တပ်မတော်ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသော တပ်မတော်သား အရာရှိ၊ စစ်သည်များသည် ယနေ့ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့သို့ပြန် လည်ရောက်ရှိကြသည်။
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း YMBA(ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း ခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကျွန်းတောကြီးကျေးရွာ၊ မြင်းကျကျေးရွာနှင့် ကားဆိပ်ကျေးရွာတို့မှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို ဇန်နဝါရီ ၁၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့ရှိ နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးများဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်လိုက်သောကြောင့် ကလေးမြို့နယ်မြောက်ပိုင်း၊ ကြိုးကြာကွင်းကျေးရွာမှ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့ နေထိုင်နိုင်စေရေး သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံ၍ လိုအပ်သော ကုသမှုများရရှိနိုင်စေရန် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးသို့ ကွင်းဆင်း ကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၅၄ ဦးနှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် ၆၂ ဦး စုစုပေါင်း ၁၁၆ ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု စတင်အသက် ဝင်သည့်နေ့တွင် တပ်မတော်က လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ထုတ်ပြန် ကြေညာသည် ဟု သတင်းအမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများဖြစ်သည့် Khit Thit Media နှင့် DVB TV News တို့က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို တပ်မတော်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။