နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ဒေသရေဖူလုံစွာရရှိရေး၊ ပညာရေးကဏ္ဍ မြင့်မားရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံ ကြည့်ရှု စစ်ဆေးသည်။
ဆင်လမ်းရေလှောင်တမံ ရေပိုမိုသိုလှောင်ထားရှိနိုင်ရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင် များသည် ဆင်လမ်းရေလှောင်တမံသို့ရောက်ရှိကြပြီး ပြင်ဦးလွင်ဒေသရေဖူလုံရေးအတွက် ရေလှောင်တမံအား အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက ဆင်လမ်းရေလှောင်တမံရေပိုလွှဲအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ရေလွှမ်း ခြုံပေးဝေနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည် များလမ်းညွှန်မှာကြားပြီး ရေလှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှုနှင့် ရေပိုလွှဲနေရာ၌ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက် ရှိကြရာ ကျောင်းအုပ်ချုပ်မှုတာဝန်ခံအရာရှိနှင့် ဆရာ၊ ဆရာမ များက ကြိုဆိုနှုတ်ဆက်ကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် စာသင်ခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှုအခြေ အနေများ၊ ကျောင်းစာကြည့်တိုက်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြား သည်။
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်း”က ဟူသည့်ဆောင်ပုဒ်နှင့်အညီ အနာဂတ်နိုင်ငံတော်အတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် ပညာတတ်လူသားအရင်းအမြစ်ကောင်းများမွေးထုတ်ပေးနိုင်ရမည်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ကျောင်းစုံညီခန်းမ၌ ဆရာ၊ ဆရာမ များအားတွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်း”ကဟူသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူ များ၏ အတန်းပညာတတ်မြောက်ရေးအပြင် စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်ရေး အတွက်ကိုလည်း သင်ကြားရေးတာဝန်ယူထားရသည့် ဆရာ၊ ဆရာမများက ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူထားရှိသည့် ကိန်းဂဏန်းအချက်အလက် များ မိမိတို့နိုင်ငံအနေဖြင့် ပညာရေးအားပေးမြှင့်တင်ရန် လိုအပ်ချက်များစွာရှိနေဆဲဖြစ် ပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ ပညာရေးအားနည်းလျက်ရှိနေကြောင်း၊ ကလေး ငယ်များအား မိဘများအနေဖြင့်သွန်သင်ဆုံးမပေးမှုများရှိသကဲ့သို့ ဆရာ၊ ဆရာမ များက လည်း သွန်သင်ပေးမှုများရှိကြောင်း၊ ငယ်စဉ်ကလေးဘဝတွင် ကျောင်းတက်ရသည့် အချိန်များသဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမပေးမှုကို ပိုမိုရရှိကြကြောင်း၊ ကျောင်းလုံးဝမနေဘူးသူများအနေဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်မှုအောက်တွင် နေခဲ့ ရခြင်းမရှိခဲ့ကြောင်း၊ အတန်းပညာသင်ကြားပေးရမည်ဖြစ်သကဲ့သို့ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်များမြင့်မားစေရေးတို့အတွက် လည်း ဆရာ၊ ဆရာမများအနေဖြင့် စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ အမျိုးသားရေးစိတ်ဓာတ်မြင့်မားရေးသည် အဓိက အရေးကြီးကြောင်း။
မိမိတို့နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် မတည်မငြိမ်မှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ် များကို ကြည့်မည်ဆိုပါက ပညာရေးအားနည်းသည့်ဒေသများ၌ ပိုမိုဖြစ်ပွားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အတန်းပညာတတ်မြောက်မှုအားနည်းခြင်း၊ သိမြင်တွေးခေါ် နိုင်မှုအားနည်းခြင်းတို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လာကြခြင်းဖြစ် ပြီး ဒေသနှင့်ဒေသခံများ၏ လူမှုစီးပွားဘဝများကိုပါ ထိခိုက်လာစေကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမ များအနေဖြင့် မိမိတို့သင်ကြားပေးနေရသည့် ကလေးငယ်များအား အတန်းပညာသင်ကြားပေးခြင်းအပြင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ခွဲခြား သိမြင်နိုင်စွမ်းရှိစေမည့် အသိပညာနှင့် အတွေးအမြင်များကို သင်ကြားပေးရမည်ဖြစ် ကြောင်း၊ ငယ်စဉ်ကလေးဘဝကတည်းက စနစ်တကျဖြင့် နေထိုင်သွားလာတတ်စေရေး၊ သန့်ရှင်းသပ်ယပ်မှုရှိစေရေး၊ လိမ္မာယဉ်ကျေးမှုရှိစေရေး သင်ကြားလေ့ကျင့်ပေးမှသာလျင် အနာဂတ်ဘဝလမ်းတစ်လျှောက်၌ သာယာကောင်းမွန်သည့်လူမှုဘဝကို ရရှိစေမည်ဖြစ် ကြောင်း။
ကျောင်းစာကြည့်တိုက်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ၏ အသက် အရွယ်နှင့်ကိုက်ညီသည့် စာအုပ်များထားရှိရန်လိုပြီး ကျောင်းသား၊ ကျောင်းသူများနှင့် မသက်ဆိုင်သည့် စာအုပ်၊ စာပေများ မထားရှိရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ များ သုတ၊ ရသ စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာ အတတ်ပညာများတိုးပွား လာပြီး ၎င်းတို့ဘဝအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ အတန်းပညာ ကို သင်ကြားမှုမှရရှိသကဲ့သို့ အသိပညာအား စာအုပ်စာပေးများဖတ်ရှုခြင်းမှ ရရှိနိုင် ကြောင်း၊ ကလေးငယ်များကို သင်ကြားလေ့ကျင့်ပေးရသည့်သူများဖြစ်သည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း အသိပညာများပြည့်ဝစေရေး စာပေဖတ်မှတ်လေ့လာခြင်း များကို စဉ်ဆက်မပြတ်ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့တာဝန်ယူထားရသည့် ဘာသာ ရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားလေ့ကျင့်ပေးနိုင်ရမည်ဖြစ်သကဲ့သို့ မိမိတို့ ကြုံတွေ့ခဲ့ရသည့် ဘဝအတွေ့အကြုံများ၊ စာပေဖတ်မှတ်ခြင်းမှရရှိခဲ့သည့် အသိအမြင် များကိုလည်း ကလေးငယ်များထံသို့ မျှဝေပေးနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ပေးနိုင်မှသာလျင် မိမိတို့နိုင်ငံ၏အနာဂတ်ကို ဦးဆောင်ကြမည့် အနာဂတ်မျိုးဆက်သစ် လူသားအရင်းအမြစ်ကောင်းများကို ပိုမိုမွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့်လည်း ပညာရေးကို ဘက်ပေါင်းစုံမှအားပေးမြှင့်တင်လျက်ရှိပြီး သင်ကြားရေးဝန်ထမ်းများအတွက်လည်း ဝတ်စုံစရိတ်များ၊ အိမ်ငှားခများ၊ ထောက်ပံ့ကြေး များ၊ ပညာရပ်ပိုင်းဆိုင်ရာ ချီးမြှင့်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင် ရွက်ပေးနေခြင်းမှာ သင်ကြားရေးတာဝန်ယူထားရသည့် ဆရာ၊ ဆရာမ များအနေဖြင့် မိမိ တို့၏ လုပ်ငန်းတာဝန်များကို ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျေပွန်စွာ၊ အာရုံစူးစိုက်မှုအပြည့်ရှိစွာ ဖြင့် ထမ်းဆောင်စေလို၍ဖြစ်ကြောင်း၊ အနာဂတ်တိုင်းပြည်အတွက် စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သည့်၊ အရည်အသွေးပိုမိုကောင်းမွန်သည့် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက်ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ ပညာရည် မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်မည်ဖြစ်ပြီး နိုင်ငံရေး နှင့် နိုင်ငံ့အရေးကို ခွဲခြားသိမြင်ရန်လိုကြောင်း၊ မိမိတို့တာဝန်ယူထားရသည့် တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် နိုင်ငံ့အရေးကို ကျေပွန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြစေလိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင်များကို ပေးအပ်ရာ ကျောင်း အုပ်ချုပ်မှုတာဝန်ခံအရာရှိနှင့် ဆရာ၊ ဆရာမ များက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အမှတ်(၁)အခြေခံပညာအလယ် တန်းကျောင်းသို့ ရောက်ရှိကြရာ ဆရာ၊ ဆရာမ များက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စာသင်ခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားနေမှုများ၊ မွေးမြူ ရေး အတတ်ပညာ၊ စိုက်ပျိုး ရေးအတတ်ပညာနှင့် စက်မှုနည်းပညာ စာသင်ခန်းမများ အတွင်း သင်ကြားပို့ချနေမှုများ ကို လိုက်လံကြည့်ရှုအားပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည် ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိကြရာ စီမံကိန်းရှင်းလင်းဆောင်၌ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်က အဆင့်မြင့်ဈေးသစ်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးက ပြင်ဦးလွင်ဒေသသန့်ရှင်း သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြို့ရေရရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်းကောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရတနာပုံမြို့သစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ လုပ်ငန်းဆောင်ရွက်မှုများ ရပ်ဆိုင်းခဲ့ရမှုတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ပြင်ဦးလွင်မြို့၏ သမိုင်းကြောင်းစဉ်လာနှင့် ဂုဏ်ဒြပ်ကောင်းများကို ဆက်လက် လက်ဆင့်ကမ်းထိန်းသိမ်းဆောင်ရွက်သွားရမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြင်ဦးလွင်မြို့ကို ယခင်ကတည်းကပင် ပန်းမြို့တော်၊ ချယ်ရီမြို့တော်၊ တောင်လှေကားမြို့တော် စသည်ဖြင့် တင်စားခေါ်ဝေါ်ခဲ့ကြခဲ့ကြောင်း၊ ထိုသို့ခေါ်ဆိုမှုများနှင့်အညီ ကိုက်ညီသည့်မြို့တော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွား ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ပြင်ဦးလွင်ဒေသ၌ လာရောက်နေထိုင်သူ များပြား လာပြီး မြို့နေလူဦးရေတိုးပွားလာခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့သည် သမိုင်းကြောင်းစဉ်လာ ကြီးမားပြီး နာမည်ဂုဏ်ဒြပ်ကောင်းများနှင့် ပြည့်စုံသည့်မြို့ဖြစ်၍ မိမိတို့အနေဖြင့် ဆက် လက်ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအတွင်း လာရောက်နေထိုင်သူ များပြားလာမှုနှင့်အတူ စည်းကမ်းစနစ်တကျရှိအောင် ကြပ်မတ်ဆောင်ရွက်သွားခြင်းဖြင့် စနစ်တကျရှိပြီး ဖွံ့ဖြိုးတိုးတက်သည့်မြို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
ပြင်ဦးလွင်မြို့သည် ပညာရေးနှင့်ပတ်သက်၍လည်း အစဉ်အလာကောင်းများရှိ သည့်မြို့တစ်မြို့ဖြစ်ပြီး ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းများဖွံ့ဖြိုးတိုးတက်မှု၏ အစပျိုးရာ မြို့တစ်မြို့၌ပါဝင်ကြောင်း၊ ပြင်ဦးလွင်မြို့အနေဖြင့်လည်း ၎င်းကဲ့သို့ ပညာ ရေးဆိုင်ရာ အခြေခံကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်း၍ ပညာရေးမြို့တော်အဖြစ် ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကာ စည်းကမ်းစနစ်တကျရှိသည့် ပညာတတ် လူသားအရင်းအမြစ်ကောင်းများကို ဆက်လက်မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း၊ ပညာရေးကောင်းမွန်ရန်အတွက် ကျောင်းသား၊ ဆရာ၊ မိဘ တို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့်အပြင် အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း လိုအပ် သည့်ကြီးကြပ်ကွပ်ကဲမှုများဆောင်ရွက်ပေးရန်လိုအပ်ကြောင်း။
ပြင်ဦးလွင်ဒေသတွင် သစ်ပင်ပန်းမန်များဖြင့်အစဉ်အမြဲ သာယာလှပစေရေးနှင့် သစ်ပင်များအားအကြောင်းမဲ့ ခုတ်ထွင်ခြင်းများ မပြုလုပ်စေရေးအတွက် By Law များဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတကာ၌လည်း သစ်ပင်များခုတ်ထွင် ရှင်းလင်းခြင်းနှင့်ပတ်သက်၍ ဥပဒေများဖြင့် ထိန်းသိမ်းဆောင်ရွက်ကြကြောင်း၊ သစ်ပင် သစ်တောများထိန်းသိမ်းရေးနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနသာမက အုပ်ချုပ်ရေး ဆိုင်ရာအဖွဲ့အစည်းအသီးသီးတွင်လည်းတာဝန်ရှိကြောင်း၊ ပြင်ဦးလွင်ဒေသ စိမ်းလန်း သာယာ စိုပြေရေးအတွက်သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားကြရန်လိုကြောင်း။
မြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းနှင့်ပတ်သက် သည့်ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပြီး သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်များနှင့် အညီသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဥပဒေကသတ်မှတ် ပေးထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့လမ်းနယ်များ၌ကျူးကျော်၍ မြေအသုံးချမှုများရှိနေပြီး လမ်းမကြီးများဥပဒေနှင့် အညီဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများ မရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သိရှိကြရန်၊ လိုက်နာကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသ၌လည်း မြေယာအသုံးချမှု များနှင့်ပတ်သက်၍ သတ်မှတ်ပေးထားသည့်ခွင့်ပြုချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့် အညီဆောင်ရွက်နေသူများရှိသကဲ့သို့ သတ်မှတ်ချက်များကို ကျော်လွန်ချိုးဖောက်၍ အခြားနည်းများဖြင့် မြေယာအသုံးချမှုများလည်း ရှိနေကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မြေယာအသုံးချမှုများ စည်းကမ်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လို ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အားတာဝန်ယူဆောင်ရွက် ချိန်တွင် ဒီမိုကရေစီလမ်းကြောင်းအပေါ် လျှောက်လှမ်းနေခြင်းကြောင့် ဒီမိုကရေစီစနစ် တွင် ဥပဒေကိုသိရှိနားလည်ရန်လိုအပ်သဖြင့် ဌာနဆိုင်ရာအကြီးအကဲများအားလုံးအား ဥပဒေ သင်တန်းများမဖြစ်မနေတက်ရောက်စေခဲ့ကြောင်း၊ အလားတူ အခြေခံပညာ ကျောင်းများ၌ KG + 12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်ပတ်သက်ပြီး အခြေခံများကိုသိရှိစေရေး သင်ကြားပေးလျက်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ လောင်းကစားမှုဥပဒေ၊ လူကုန်ကူးမှုဥပဒေ၊ မူးယစ် ဆေးဝါးဥပဒေ အစရှိသည့် ကျောင်းသား၊ ကျောင်းသူအရွယ်များ သိရှိနားလည်နိုင်သည့် ဥပဒေများကို သင်ကြားပေးခြင်းဖြစ်ကြောင်း၊ KG + 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ များသည် အသက် ၁၇ နှစ်နှင့် ၁၈ နှစ်အရွယ်ပတ်ဝန်းကျင်များဖြစ်ကြပြီး အသက် ၁၈ နှစ်ပြည့်ပါက ဆန္ဒမဲပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေကို သိရှိ နားလည်နိုင်ရေး သင်ကြားပေးခြင်းဖြစ်ပြီး ဥပဒေနှင့်ပတ်သက်၍ စာမေးပွဲဖြေဆိုရမည် မဟုတ်ကြောင်း၊ အခြေခံဥပဒေပညာကို သင်ကြားပေးမည့် ဆရာ၊ ဆရာမ များကိုလည်း ဥပဒေကိုနားလည် သိရှိအောင် Training of Trainners (TOT) သင်တန်းများပေးပြီး သင်ကြားစေခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် KG + 11 နှင့် KG + 10 ကျောင်းသား၊ ကျောင်းသူများ ကိုလည်း ဥပဒေနှင့်ပတ်သက်သည့် အခြေခံများကိုသိရှိနားလည်နိုင်စေရေး ဆက်လက် သင်ကြားပေးသွားမည် ဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တက္ကသိုလ်အသီးသီး၌လည်း ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေအား သိရှိနားလည် နိုင်ရန်နှင့် စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များရှိစေရေးအတွက် ဥပဒေနှင့် စီးပွားရေးဆိုင်ရာ အခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ ဥပဒေ အသိ ရှိစေရေး BA (Law) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ စီးပွားရေးအသိ ရှိစေရေးအတွက်လည်း BA (Eco) သင်တန်းကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း။
ပြင်ဦးလွင်၏ဂုဏ်ကို ဖော်ညွှန်းထားသည့် အမည်နာမများနှင့် ကိုက်ညီအောင် အကောင်အထည်ဖော်နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ အစိုးရအနေဖြင့် မူဝါဒချမှတ်ပေးမည်ဖြစ်ပြီး ယင်းမူဝါဒကို အကောင်အထည်ဖော်ရန်မှာ ဌာနဆိုင်ရာများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ခရိုင်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူးများတွင် အဓိကတာဝန်ရှိပြီး ဦးဆောင်လမ်းပြမှု ကောင်းစွာ ဖြင့် ဒေသနှင့်ဒေသခံများ၏အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့များသို့သွားရောက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို စဉ်ဆက် မပြတ်လမ်းညွှန်မှာကြားလျက်ရှိကြောင်း၊ ထိုသို့မှာကြားနေရခြင်းမှာ နိုင်ငံရေးလုပ်ဆောင် နေခြင်း မဟုတ်ဘဲ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ် များကို လုပ်ဆောင်သွားရန်၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားကြရန် မှာကြားနေခြင်းဖြစ်ပြီး နိုင်ငံ့အရေးကို လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း။
သစ်ပင်သစ်တောများ ထိန်းသိမ်းပြီး စိမ်းလန်းစိုပြေရေးနှင့်ပတ်သက်၍လည်း ဝိုင်း ဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ ပစ္စုပ္ပန်တွင်နေထိုင်နေကြသည့်သူများက ထိန်း သိမ်းဆောင်ရွက်သွားမှသာလျင် ပြင်ဦးလွင်ဒေသ၏ အေးမြပြီးလတ်ဆက်သည့်ရာသီ ဥတုနှင့် သဘာဝပတ်ဝန်းကျင်ကို အနာဂတ်လူငယ်များထံသို့ လက်ဆင့်ကမ်းနိုင်မည်ဖြစ် ကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက ဒေသခံများနှင့်အတူ ဝိုင်းဝန်းထိန်းသိမ်း လက်ဆင့်ကမ်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သုမင်္ဂလာဈေး(ညံတောဈေး) အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်းသတင်းရရှိသည်။