ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲ များဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်းများ အတွင်း သို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်း ပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
news
TNLA အဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသော တိုင်းရင်းသားလူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးနည်းပညာတက္ကသိုလ်အနီးရှိ ထိုမာကျေးရွာ နှင့် ဇင်းကလင်းကျေးရွာကြားရှိ နေအိမ်အချို့ကို မတ်လ ၁၇ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်စွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိရသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ President of the Civic Chamber of the Russian Federation ၏ဖိတ်ကြားမှုအရ မြန်မာ-ရုရှားချစ်ကြည်ရေးအသင်း၏စီစဉ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပသော ရှရှားဖက်ဒရေး ရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား သတင်းမှတ်တမ်းရယူရိုက်ကူးရန်နှင့် ရုရှား နိုင်ငံအတွင်း မီဒီယာပိုင်းဆိုင်ရာပူးပေါင်းလေ့လာရေးများဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့ ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေး ချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင် လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့် လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများ နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာကို မတ်လ ၁၈ ရက် နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းပစ်ခတ်ဝင်ရောက်ပြီး နာရေးကူညီ မှု ပရဟိတအသင်းရုံးနဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသား ထားသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည် ကိုတွေ့ရှိရသည်။
၁။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade 12 ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်နေ့မှ စတင်၍ ၁၉-၃-၂၀၂၄ ရက်နေ့ထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက်သောင်း ကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်လျက်ရှိသော ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် အခွင့်အရေး ဆုံးရှုံးခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး မွန်ပြည်နယ်နေ့အထိမ်းအမှတ် ပြခန်းများ၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချနေမှု နှင့် မွန်ရိုးရာ အဆို၊ အက၊ အတီး ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး
မော်လမြိုင် မတ် ၁၈
၂၀၂၄ခုနှစ် မတ် ၁၉ ရက်တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများသည် ယနေ့ညနေပိုင်း တွင် တပ်မတော်လေယာဉ်ဖြင့် မော်လမြိုင် လေဆိပ်သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာအဖွဲ့များက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။