မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆွမ်းဦးပုညရှင်စေတီတော်၊ ရာဇာမဏိစူဠာကောင်းမှု တော်စေတီနှင့် မေတ္တာကန်တို့တွင် ဘက်စုံ ပြန်လည်ပြုပြင်မှုဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် စေတီတော်ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဉမင်ကိုးဆယ်ဘုရားရှိ သီတဂူရေလှောင်ကန်အား ဘက်စုံပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများနှင့် ဘုရားအတက် လမ်း ပြုပြင်ရေး လုပ်ငန်းဆောင်ရွက်နေသည့်အခြေအနေများ၊ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ် အောင်မြတ်စွာဘုရား ဘက်စုံပြန်လည်ပြုပြင်ရေး လုပ်ငန်းဆောင်ရွက် နေမှုများ၊ နန်းဦးမြို့သစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော မဟာဗောဓိစေတီတော်ရှိ သာသနိကအဆောက်အအုံအား အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ ဝိနည်းဓိုရ်ကျောင်း တိုက်၊ ရွှေစေတီဘာသန္တရသင်းတန်းကျောင်းနှင့် အရှေ့မှန်ကျောင်းကျောင်းတိုက်များ တွင် သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရာ းကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးကာ လုပ်အားပေး ဆောင်ရွက်နေကြသူ များကို အားဖြည့်အချိုရည်များ ပေးအပ်ပြီးလိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ချင်းစု သို့သွား ရောက်ကာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ကျောင်းဆောင် အဆောက် အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြီးသတ်ဖယ်ရှားရှင်းလင်းနေသည့်အခြေအနေ များ၊ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ပိုးတန်းရပ်ကွက်နှင့် စိန်ကုန်ရပ်ကွက်ရှိ လူနေအဆောက်အဦ အပြိုအပျက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တာ ရားကြီး များအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိပထမမဟာဂန္ဓာရုံကျောင်းတိုက်သို့သွားရောက်ကာ ကျောင်းတိုက် ဆရာတော်အမှူးပြုသော သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီး၊ ပဲတို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်ရှိ ရဟန်း၊ သာမဏော၊ သီလရှင်၊ ယောဂီများအား တပ်မတော်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ဆေးရုံကြီးမှ ဆေးကုသရေးအဖွဲ့တို့ပူပေါင်း၍ ကျန်းမာရေးဆေးစစ်ဆေး ခြင်း၊ ဆေးဝါကုသပေးခြင်း၊ ခြင်းဆေးဖျန်းပေးခြင်း စသည့်ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု များကို ကြည့်ရှုအားပေးသည်။
အလားတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့ရိုးသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော လေသိန်းတံခါးအနီး မြို့ရိုးအခြေရှိ အပျက်အစီးများအား တပ်မတော်သားများမှ အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှား နေမှုများ၊ အနှိပ်တော်ရပ်ကွက်ရှိ Sky Villa နေရာ သို့သွားရောက်၍ ရှင်းလင်းရန်ကျန် ရှိနေသည့် “ A ” ဆောင်အား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများအားလည်းကောင်း၊ ရတနာဘုမ္မိ အရှေ့ရပ်ကွက်နှင့် အနောက်ရပ်ကွက်များသို့ရောက်ရှိ၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက် စီးခဲ့သော အန္တရာယ်ရှိအဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီး များ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုများနှင့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ ငလျင်ဒဏ်သင့်အိမ်ယာအဆောင်အအုံအား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်း ခွင်အန္တရာယ်မရှိစေရေး မှာကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသတင်းရရှိသည်။