news

            ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မတ် ၇  ရက် ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

          မြစ်ကြီးနား-ဗန်းမော်လမ်းမကြီးပေါ်ရှိ နွမ်လန့်ကျေးရွာအနီးတွင် မတ်လ ၁၁ ရက်နေ့က လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှု ကြောင့် နန်းအီကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံရှမ်းအမျိုးသမီး ငယ် ၃ ဦး ထိမှန် သေဆုံးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်စွပ်စွဲရေးသားထားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှတပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက် တောင်ဘက်ရေမိုင် ၃.၈ မိုင်အကွာ၌ ငွေလရောင် အမည်ရှိ ငါးသယ်လှေတစ်စီး ရေဝင် နစ်မြုပ်နေကြောင်း

          ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်း ပလျက်ရှိရာ ယနေ့တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆို လျက်ရှိသည်။

          ရန်ကုန်မြို့တွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းရန်အတွက် တစ်အိမ် တက်ဆင်း စာရင်းကောက်ယူမှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် လူငယ်များထွက်ပြေး တိမ်းရှောင်ရန် ပိုမိုကြိုးစားလာကြကြောင်း ကောလာဟလသတင်းအမှားများကို ပြည်သူ များစိုးရိမ်ထိတ်လန့်စေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများက စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေး ငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ ၅ ဦးသေဆုံး၊ ကလေးငယ်  ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ မတ် - ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကသဲရပ်ကွက်အတွင်းသို့ AA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်သူ ၉ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

         ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့ တွင် (၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပါဝင်သည့် စစ်ရေးပြ စစ်ကြောင်းများမှ တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်များ၊ တပ်မတော် (ကြည်း) အမျိုးသမီး စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီးစစ်ရေးပြ တပ်ခွဲတို့က  ၂ သုတ်ခွဲ၍ လာရောက် ဖူးမြော် ကြည်ညိုကြသည်။

ယနေ့ နံနက် ၀၈:၄၀ ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားများ ပေါ်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ဘက်ခြမ်းသံလမ်းများ(၂)ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေး သော လက်ကျန် မိုင်း(၁)လုံး အား တွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန်လမ်းပိုင်း များအား နံနက်၈ နာရီ ၅၀ မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ရသည်။