ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်၊ မတ် ၁ဝ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၄)ဖြင့် အရန်တပ်ဖွဲ့ နည်းဥပဒေများကို ထုတ်ပြန်ကြေညာကြောင်း သိရသည်။ အဆိုပါ နည်းဥပဒေများတွင် အခန်း(၇)ခန်း၊ နည်းဥပဒေအပိုဒ်ပေါင်း (၂၇)ပိုဒ်၊ နောက်ဆက်တွဲပုံစံ (၈)ခုဖြင့် ဖော်ပြ ထားပြီး အခန်း(၁)တွင် အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ အခန်း(၂)တွင် အရန်တပ်ဖွဲ့ဝင် စစ်မှုထမ်းရန်ကာလ၊ အခန်း(၃)တွင် အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၄)တွင် မှတ်ပုံတင်ခြင်း၊ ဆေးစစ်ဆေးခြင်းနှင့် အရန်တပ်ဖွဲ့ဝင်အဖြစ် စစ်မှုထမ်းခြင်းတို့အတွက် ဆင့်ခေါ်ခြင်း၊ အခန်း(၅)တွင် ဆေးစစ် ဆေးရေးဘုတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၆)တွင် အကျိုးခံစားခွင့် သတ်မှတ်ချီးမြှင့်ခြင်း၊ အခန်း(၇)တွင် အထွေထွေပြဋ္ဌာန်းချက်တို့ပါရှိကြောင်း သိရသည်။
news
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့ များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက် နိုင်ရေးနှင့် အသက် အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ စိတ်ပျော်ရွှင်ကြည်နူး ချမ်းမြေ့စေရန်အတွက် တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်း စခန်းများနှင့် တပ်နယ်များအလိုက် နယ်မြေခံတပ်ရင်းဌာနချုပ်များသို့ အလှည့်ကျ သွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေ လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၌ မတ်လ ၇ ရက်နေ့တွင် အသက် ၁၃ နှစ်အရွယ် မောင်အောင်သက်ပိုင်ကို စစ်မှုထမ်းဥပဒေအရ တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရန် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ် မမှန်ရေးသားဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများမှအုပ်ချုပ်သူ/ နည်းပြများနှင့် အားက စားသမားများ တက်ရောက်ကြသည်။
ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တို့တွင် တပ်မတော်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချမှုတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို တစ်ဖက်သတ်စွပ်စွဲရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တို့တွင် မတ်လ ၁၀ ရက်နေ့ က နှစ်ဖက်တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်မှ တိုက်လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကျဲချ မှုတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန် ရက်ပေါ်တွင် ရေးသားဖြန့်ဝေထားသည်ကို တွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း သတင်းအရစောင့်ဆိုင်း နေစဉ် ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ)ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေး နှင့် မယမင်းသူ(ခ) မင်းမင်း တို့ ၆ ဦးမှ စက်တပ်လှေငယ် ၂ စီးဖြင့် မီးသွေးအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ အား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသူ စိုင်းမင်းသူ နှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်း တို့အား မတ်လ ၇ ရက်နေ့ နံ
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် တို့မှ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုကြသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း များတင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာ ရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။