ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇူလိုင် ၂

Wednesday, July 2, 2025 - 18:45

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရွှေမုဠောစေတီ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သော မဟာစေတီလှစေတီတော်အား အသစ်တဖန် ပြန်လည်တည်ထားကိုးကွယ်မည့် မြေနေရာအား ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော မဟိယင်္ဂဏစေတီနှင့် လေးကျွန်းမာရ်အောင်စေတီတို့အား ပြန်လည် ပြုပြင် မွမ်းမံတည်ဆောက်နေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ ရွှေစေတီဘာသန္တရသင်တန်းကျောင်း၊ မဟာဇေတဝန်ကျောင်းတိုက်၊ ရှင်ပင်နန်းဦး ကျောင်းတိုက်၊ လေးကျွန်းမြေအုဠ်ကျောင်း ပရိယတ္တိစာသင်တိုက်၊  ပေါင်းလည် ဘုရားနှင့် မဟာစည်းခုံကြီးစေတီများသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက် စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရား ကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးပြီး လုပ်အားပေး ဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်ကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီနှင့် ဆွမ်းဦးပုညရှင်စေတီတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို အပြီးသတ်ဖယ်ရှားရှင်းလင်း ပြီး စေတီတော်လုံးပတ်ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စေတီတော် ပုရဝှဏ် အတွင်း သန့်ရှင်သာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပါရမီရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)နှင့် ပိုးတန်းရပ်ကွက်ရှိ လူနေအဆောက်အဦ အပြိုအပျက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ သမိုင်းဝင်အောင်မြေ ရွှေကြက်ကျဆုတောင်းပြည့်မြတ်စွာဘုရားသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပြန်လည် ပြုပြင်နေမှု အခြေအနေများအားလည်းကောင်း၊ ဂန္ဓာကုဋိတိုက်အမိုးများ ပြန်လည် ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ အပျက်အစီးများအား တပ်မတော်သားများနှင့် အဖွဲ့အစည်းအသီးသီးမှ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်း နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး   တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ‌ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

          ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် ချမ်းမြသာစည် မြို့နယ်၊ ကန်သာယာရပ်ကွက်နှင့် ချမ်းအေးသာစံမြို့နယ်၊ ကဉ္ဇနမဟီ ရပ်ကွက်များ သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ် ဖယ်ရှားရှင်းလင်း နေမှုများအား ကြည့်ရှု့စစ်ဆေး၍  လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး စနစ် တကျပြုလုပ် ဆောင်ရွက်သွားရန်၊ အနီးပတ်ဝန်းကျင်ရှိ  အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ဖြိုဖျက်ရန်ကျန်ရှိသော အဆောက်အအုံ များအား အမြန်ဆုံး ရှင်းလင်းဖယ်ရှား ဆောင်ရွက်သွားရန်မှာကြားပြီး တာဝန်ရှိ သူများ၏ တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။