နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
news
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီဒီယာများမှ ရေးသားဖော်ပြထားသည့် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသအနီး ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ထုတ်ပြန်ချက်
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၂၉ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းစက်လှေ ၁ စီးသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ၊ ကော့ဘဇားရှိ စိန့်မာတင်(St Martin)ကျွန်းအနီး နိုဝင်ဘာလ ၂၇ ရက် နေ့တွင် ငါးဖမ်းနေစဉ် မြန်မာ့တပ်မတော်(ရေ)မှ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟူ၍ အဆိုပါနိုင်ငံရှိ http;//www. Dhakatribune.com / Bangladesh / nation / 366495 / Bangladeshi-fisherman-injurred-by-myanmar-navy များ၌ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ်ရှိ ကျောက်ပုံ၊ ခဲပစ်ရွာများကို နိုဝင်ဘာ ၂၈ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့၍ ဒေသခံ ၂ ထောင်ကျော် ယာယီနေရပ်စွန့်ခွာနေရသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိ ရသည်။
ပဲခူးတိုင်းဒေသကြီး၊ လယ်ဒိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။