ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌  ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဇွန် ၃၀

Monday, June 30, 2025 - 15:00

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်   ထိခိုက်ပျက်စီးခဲ့ရ သည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ရာဇမဏိစူဠာကောင်းမှုတော်စေတီ၊ မေတ္တာကန်နှင့် ဆွမ်းဦးပုညရှင် စေတီတော်တို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သော သာသနိကအဆောက်အဦများကို အပြီးသတ်ဖယ်ရှားရှင်းလင်းပြီး စေတီတော် လုံးပတ်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ရင်ပြင်တော် တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စေတီတော်နှင့် မေတ္တာကန် ပုရဝုဏ်အတွင်း သန့်ရှင်သာယာ လှပရေး ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးကာ လုပ်အားပေး ဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော မဟာစေတီလှ စေတီတော်အား အသစ်တဖန် ပြန်လည် တည်ထားကိုးကွယ်မည့် မြေနေရာအား ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မျိုးရင်ရင် သီလရှင် စာသင်တိုက်၊ ရွှေစေတီဘာသန္တရသင်တန်းကျောင်း၊ လေးကျွန်းမြေအုဠ် ကျောင်း ပရိယတ္တိစာသင်တိုက်၊ ရွှေမုဠောစေတီနှင့် ရွှေဘုန်းပွင့်ရွှေဘုန်းမြင့်စေတီများသို့ သွားရောက်ကာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိက အဆောက်အအုံ အပျက်အစီးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ စက်ယန္တရားကြီးများ အသုံးပြု၍  အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများဖြစ် သည့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေဝန်းအရှေ့ ရပ်ကွက်ရှိ ရတနာပုံသာ ဆုတောင်းရ(ဦးပေစိ)ဘုရားရှိ   အပျက်အစီးများအား တပ်မတော်သားများနှင့် စက်ယန္တ ရားကြီးများ အသုံးပြု၍ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုများ နှင့်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊   မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်ရှိ မြင်းဝန်မင်းကြီး ကျောင်းတိုက်ရှိ အပျက်အစီးများအား အဖွဲ့အစည်းအသီးသီးမှ အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းနေမှုနှင့် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ မဟာမုနိ ဘုရားကြီး ဘဏ္ဍတော်ပိုင်တိုက်တန်းရှိ   ဝန်ထမ်းလိုင်းခန်း အပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ဆုံးပြီးစီး ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။