ဘယ်လာရုစ်နိုင်ငံ ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် ( EEF 2025 ) တက်ရောက်ခဲ့ပြီး နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ၏ ဖြေကြားချက်
၂၀၂၅ ခုနှစ်၊ ဇွန် ၂၉
မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပတဲ့ ဥရောပ-အာရှ (EEF) စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ တယ်။ ဒီတက်ရောက်ခဲ့တဲ့ ဖိုရမ်ကနေပြီးတော့ ဘယ်လိုအောင်မြင်မှုတွေ၊ ဘယ်လိုအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲခင်ဗျ။
ဖြေ။ ။ ပထမဦးဆုံးတော့ EAEU နဲ့ပက်သက်ပြီးတော့ ကျွန်တော် နည်းနည်းလေး ပြောပြချင်ပါ တယ်။ EAEU ဆိုတာ ဥရောပ-အာရှ စီးပွားရေး သမဂ္ဂဆိုတာ ၂၀၁၅ ခုနှစ်မှာ စတင် ထူထောင်ခဲ့တာ ဖြစ်တယ်။ စတင်ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ နံပါတ်တစ်ကတော့ ပါဝင်တဲ့ အဖွဲ့ဝင်နိုင်ငံ အချင်းချင်း၊ မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်းမှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ နောက်တစ်ခုကတော့ လူနေမှု အဆင့်အတန်း မြင့်မားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက် နှစ်ခုနဲ့ စတင်ပြီးတော့ ထူထောင်ခဲ့တာဖြစ်တယ်။ ၂၀၁၅ နောက်ပိုင်းကနေစပြီး ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ကတော့ သူ့ရဲ့ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်ပေါ့ မြန်မာနိုင်ငံကတော့ ၂၀၂၂ ခုနှစ်ကနေ စပြီးတော့ EAEU နဲ့ ဆက်သွယ်ခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ (EAEU)ရဲ့ (EEC)အဖွဲ့ပေါ့ (EEC)ဆိုတာ ဥရောပ-အာရှ စီးပွားရေး အဖွဲ့ပေါ့။ အဲ့ဒီအဖွဲ့က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တယ်။ ရောက်ရှိခဲ့ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွေ့ပြီးတော့ကဏ္ဍပေါင်းစုံမှာ မြှင့်တင်နိုင်ရေး ၊ ကဏ္ဍပေါင်းစုံဆက်ဆံမှု မြှင့်တင်နိုင်ရေးကို ဆောင်ရွက်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာ ပိုပြီးတော့ အရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ်မှာဆိုရင် EAEU အဖွဲ့နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက်ကို ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက် ရေးအတွက် MoU နားလည်မှု စာချွန်လွှာချုပ်ဆိုနိုင်ခဲ့တယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာပဲ စိန့်ပီတာစဘတ်မှာ ကျင်းပခဲ့တဲ့ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ်မှာ ဒီစာချုပ်ကို ကျွန်တော်တို့ ချုပ်ဆိုနိုင်ခဲ့တာပါ။ ချုပ်ဆိုနိုင်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ် မှာ EAEU က ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို လာခဲ့တယ်။ လာတဲ့အချိန်မှာ ဒီ MoU ကို ဆက်လက်ပြီးတော့ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် MoU ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဖွဲ့စည်းခဲ့တယ်။ ပထမ အကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်။ နောက်တစ်ကြိမ် အစည်းအဝေးကိုတော့ ရုရှားမှာ ကျွန်တော်တို့ ကျင်းပခဲ့တယ်။ EAEU ရဲ့ခုနက ပြောတဲ့ မူလ ရည်ရွယ်ချက်ကို ပြောပြခဲ့ပြီး ဖြစ်တယ်။ EAEU အနေနဲ့က သူ့ရဲ့ အခြေခံ ပဋိညာဉ်မှာ ဘာပါလဲဆိုတော့ နိုင်ငံအချင်းချင်း အချုပ်အခြာအာဏာ တည်တံ့မှု နယ်မြေခိုင်မြဲမှုကို အလေးထားဖို့ နံပါတ်နှစ် အချက်ကတော့ နိုင်ငံတွေရဲ့ အမျိုးသားအကျိုးစီးပွားကို အလေးထားဖို့ ဆိုတာပါပါတယ်။ ဒါဟာ နိုင်ငံတိုင်းအတွက် လိုအပ်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ စီးပွားရေးအရပဲဖြစ်ဖြစ်၊ နိုင်ငံရေး အရပဲဖြစ်ဖြစ်၊ ကျန်တဲ့ အရေးအရာတွေပဲ ဖြစ်ဖြစ် သူတို့လိုရင် လိုသလို ပုံဖော်နေတယ်။ မလိုရင်မလိုသလို ပုံဖော်နေတဲ့ ဟာတွေ ပိတ်ဆို့နေတဲ့ ဟာတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က EAEU နဲ့ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှု အင်အားကိုရရှိလာမှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ EAEU ရဲ့နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ဥရောပ-အာရှ စီးပွားရေးဖိုရမ်(EEF)၊ အခုဆိုရင် (၄)ကြိမ်မြောက်ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက်မှာလည်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ ပါတယ်။ မိန့်ခွန်းပြောကြားခဲ့တဲ့နေရာမှာလည်း ကျွန်တော်ပြောကြားခဲ့တဲ့ အချက်အလက်တွေအပြင် ကျယ်ကျယ်ပြန့်ပြန့်ပြောကြားခဲ့တာကို အားလုံးတွေ့နိုင် မှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ EAEU ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EAEU ရဲ့လေ့လာခွင့် ရရှိ တဲ့နိုင်ငံ၊ လေ့လာသူနိုင်ငံဖြစ်ဖို့အတွက် ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေပါတယ်။ ကြိုးစားဆောင်ရွက်မှု လည်းအောင်မြင်နိုင် လိမ့်မယ် လို့ မြင်ပါတယ်။ EAEU အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားတို့အခြားအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း မြန်မာ နိုင်ငံကိုကြိုဆိုလက်ခံတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။
မေး။ ။ ခရီးစဉ်အတွင်းမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Ulan-Ude မြို့ကိုလည်းသွားရောက်ခဲ့တာတွေ့ရ ပါတယ်။ ဒီခရီးစဉ်ကနေပြီးတော့ ဘယ်လိုအကျိုးအမြတ်တွေကိုရရှိခဲ့ပါသလဲခင်ဗျ။
ဖြေ။ ။ Ulan-Ude ပြည်နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့မြန်မာနိုင်ငံကိုလည်း လာခဲ့ဖူး ပါတယ်။ သတင်းထောက်ကြီးတို့လည်းတွေ့မှာပဲဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီး တန်ဆောင်တိုင် ပွဲတော်မှာ Ulan-Ude မြို့အထိမ်းအမှတ်အနေနဲ့ မီးပုံးပျံလွှတ်တင်ခဲ့တာရှိပါတယ်။ ထူးခြားတာက Ulan-Ude ပြည်နယ်က ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပြည်နယ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာ နဲ့ပတ်သက်ပြီး၊ ဘာသာရေးနဲ့ပတ်သက်ပြီး ဆက်ဆံမှု၊ ဆက်သွယ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီမှာရှိနေတဲ့ဗုဒ္ဓဘာသာညီလာခံဖိုရမ်တစ်ခုလုပ်ဖို့လည်း ဆောင်ရွက်နေတာတွေရှိတယ်။ မြန်မာနိုင်ငံကဆရာတော်ဘုရားကြီး တွေလည်းသူတို့ဆီကို ကြွနေတာ ရှိတယ်။ နောက်တစ်ခုက ရဟတ်ယာဉ်နဲ့ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ၊ သူတို့နဲ့ပူးပေါင်းဆောင်ဖို့ ဆောင်ရွက်နေတာရှိတယ်။ ဒါ့အပြင် Ulan-Udeမှာ ရထားပို့ဆောင်ရေးနဲ့ပတ်သက်ပြီး စက်ရုံတွေ ရှိတယ်။ အဲဒီစက်ရုံတွေကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့၊ ခရီးသွားမြှင့်တင်ဖို့ ကျွန်တော်တို့ သွားရောက်လေ့လာခဲ့တယ်။ ဒီနေ့မှာဆို Ulan-Udeမှာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ Ulan-Ude ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ရထားစက်ရုံကိုလေ့လာပြီးတဲ့ နောက်ပိုင်းမှာ သူတို့မီဒီယာတွေကလည်း တော်တော် စိတ်ဝင်စားကြတယ်။ သူတို့ဆီက ပင်မ မီဒီယာရှစ်ခုကလာပြီးနိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းမေးတယ်။Ulan-Udeပြည်နယ်အုပ်ချုပ်ရေးမှူး ကိုလည်းမေးတယ်။ သူတို့အနေနဲ့လည်း မြန်မာ နိုင်ငံကို စိတ်ဝင်စားတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ အဲဒီကနေကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။
မေး။ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ ဘယ်လာရုစ်နို်ငငံနဲ့ ရုရှားနိုင်ငံသို့သွားရောက်ခဲ့တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော်တို့မြန်မာနိုင်ငံကကျင့်သုံးနေတဲ့ နို်ငငံခြားမူဝါဒက လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တယ်။ ကျွန်တော်အနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာဆိုရင် နိုင်ငံအားလုံးကို မိတ်ဆွေအဖြစ်မိတ်ဝတ်မ ပျက်ဆက်ဆံမှာဖြစ်တယ်။ သို့သော် ကျွန်တော်တို့ အနေနဲ့က နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံ အတွက်၊ ကိုယ့်ပြည်သူလူထုရဲ့လူမှုအကျိုးစီးပွားအတွက် လက်တွေ့အကျိုးစီးပွားဖြစ်နိုင်တဲ့ နိုင်ငံ တွေနဲ့ ဦးစားပေးပြီးဆက်ဆံသွားရမှာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာလည်း မြန်မာပြည်သူလူထု၊ မြန်မာနိုင်ငံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်တဲ့ လမ်းစကောင်းတွေကို ရရှိခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဘယ်လာရုစ်နိုင်ငံ ၊ မင့်စ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် ( EEF 2025 ) တက်ရောက်ခဲ့ပြီး နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်
Sunday, June 29, 2025 - 19:30