နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov တို့သည် Buryatia ပြည်နယ်မှ Arigus၊ ATV ၊ Tivicom တို့ အပါအဝင် ဒေသခံ မီဒီယာများ၏ မေးမြန်းမှုများပေါ် ပြန်လည်ဖြေကြားချက်
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်
မေး ။ ။ မကြာမီနှစ်အတွင်းမှာ ရုရှား-မြန်မာ ပူးပေါင်းဆက်ဆံရေး လုပ်ငန်း တွေဟာ အများကြီးလုပ်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအခန်း ကဏ္ဍတွေရော၊ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ထား တာ ရှိပါတယ်။ ဒီအထဲမှာ Buryatia နဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်း ဆောင်ရွက်မှုလုပ်နေတာတွေ ရှိပါတယ်။ အနာဂတ်မှာ Buryatia နဲ့ပတ်သက်ပြီး တော့ Buryatia နဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေ ဘယ်လို အပိုင်းတွေကို လုပ်ဖို့အတွက် ရည်ရွယ်ထားတာ ရှိပါသလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ အခု ဒီနေ့ကျွန်တော်လာကြည့်တဲ့ မီးရထားစက်ရုံလုပ်ငန်း အပါအဝင် စောစောပိုင်းက လေယာဉ်စက်ရုံလည်း ကျွန်တော်သွားကြည့်ခဲ့ တယ်။ ဒါတွေကတော့ ကျွန်တော်တို့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့အတွက် အလားအလာရှိတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒါပြီးလို့ရှိရင် Buryatia မှာလည်း ဒီပြည်နယ်က ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ ပြည်နယ်သူ ပြည်နယ်သားတွေ ရှိတယ်။ မြန်မာနိုင်ငံကလည်း ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့အခါကျတော့ ဗုဒ္ဓဘာသာနဲ့ ပတ် သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတွေက အလားအလာတွေလည်းရှိတယ်။ နောက် ကျန်းမာရေးနဲ့ပတ်သက်တာတွေ ရှိတယ်။ နောက်ဝန်ကြီးချုပ် ကမ်းလှမ်းထားတဲ့ ပညာသင်ကြားရေးနဲ့ပတ်သက်တဲ့ ကမ်းလှမ်းချက်လည်းရှိတယ်။ ပညာရေး အတွက် ပူးပေါင်းဆောင်ရွက်မှုတွေလည်း ကျွန်တော်တို့ ရှိပါလိမ့်မယ်။ နောက် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလည်း ဆွေးလည်း ဆွေးနွေးပြီး ဆောင်ရွက်သွားဖို့ ရှိပါလိမ့်မယ်။ နယ်ပယ်တော့ အများကြီးရှိတယ်။ လုပ်စရာ နယ်ပယ်တွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း ကျွန်တော် ပြောချင်ပါတယ်။
မေး ။ ။ အခု လက်ရှိ Buryatia ကို လာရောက်တဲ့အတွက် အဆွေးတော် နိုင်ငံတော် ဝန်ကြီးချုပ်ကြီးအနေနဲ့ Buryatia နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး မြင်ပါ သလဲ။ Buryatia ရဲ့ အလှအပတွေ၊ Buryatia ရဲ့ သန့်ရှင်းမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး မြင်ပါသလဲ။
ဗိုလ်ချုပ်မှူးကြီး ။ ။ အင်မတန် စိတ်ချမ်းသာရပါတယ် လာရတာ။ သာယာ လှပတဲ့ ဒေသတစ်ခုပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ ပတ်ဝန်းကျင် တစ်ခုကို ကျွန်တော်လာရတယ်လို့ ခံစားရပါတယ်။ ကျွန်တော် သုံးကြိမ်ရှိပြီ လာတာ။ ကိုယ့်ဒေသကိုလာရသလို ကျွန်တော်ရင်းနှီးတဲ့စိတ် ရှိပါတယ်။ နောက်ထပ်လည်း လာနိုင်ဖို့ ကျွန်တော် ကြိုးစားဦးမယ်လို့ ပြောလိုပါတယ်။
မေး ။ ။ Buryatia ပြည်နယ်အကြီးအကဲအနေနဲ့ ယခုကဲ့သို့ မြန်မာနိုင်ငံ ကနေ နိုင်ငံတော်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုပတ်သက်ပြီး မည်သို့ခံစားရပါသလဲ။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြောကြားပေးစေလိုပါတယ်။
Buryatia ပြည်နယ် ပြည်နယ်အကြီးအကဲ ။ ။ မြန်မာနိုင်ငံကနေ သုံးကြိမ် လာတယ်ဆိုတော့ ကျွန်တော်အရမ်းကို ဂုဏ်ယူဝမ်းမြောက်မှု ဖြစ်ပါတယ်။ သုံးကြိမ်လာတယ်ဆိုတာက ကျွန်တော်တို့ ပြည်နယ်ကို ဘယ်လောက်အထိ ချစ်တယ်ဆိုတာကို ပြယုဂ်ဖြစ်ပါတယ်။ ကျွန်တော်တို့ပြည်နယ်နဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေလည်း အများကြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ မကြာမီနှစ်အတွင်းက ကျွန်တော်တို့ Rapid Bio ဆေးဝါးကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဆေးဝါးနည်းပညာနဲ့ပတ်သက်ပြီး ပစ္စည်းတင်သွင်းဖို့အတွက် Register တွေ လုပ်နေတာလည်း ရှိပါတယ်။ ကျွန်တော်တို့ Ulan-Ude က ထုတ်ထားတဲ့၊ ရဟတ်ယာဉ် စက်ရုံကနေပြီးတော့ ထုတ်ထားတဲ့ ရဟတ်ယာဉ်တွေကလည်း မြန်မာနိုင်ငံမှာ အခုဆိုနှစ်အကြာကြီးအထိ အသုံးပြုနေတာတွေ ရှိပါတယ်။ လက်ရှိအချိန်မှာလည်း အသုံးပြုနေသလို အနာဂတ်မှာလည်း ရဟတ်ယာဉ်နဲ့ ပတ်သက်ပြီးတော့ ပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ပူးပေါင်းဆောင် ရွက်မှု လုပ်ငန်းတွေ အများကြီးလုပ်ဖို့အတွက် စီစဉ်ထားတာ ရှိပါတယ်။ ဒီနေ့မှာ ဆိုရင်လည်း TMH Holding ကုမ္ပဏီကနေပြီးတော့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်း တွေကို သူတို့လုပ်ဆောင်တဲ့ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြ သွားတာ ရှိပါတယ်။ လာမယ့် အနာဂတ်မှာလည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး တော့ ဒီနယ်ပယ်နဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးဖို့ အတွက် စီစဉ်ထားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီ ပညာရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်လို့ရှိရင်တော့ မြန်မာနိုင်ငံကနေ ပြီးတော့ ရုရှားဘာသာစကား ပညာသင်ကြားတဲ့ ဆရာတွေအနေနဲ့ ထပ်ဆင့် သင်တန်းတွေ ပေးဖို့၊ အဆင့်မြင့်သင်တန်းတွေပေးဖို့အတွက်ကို Buryatia မှာ သင်ပေးနိုင်သလို၊ ကျွန်တော်တို့ Buryatia မှာရှိတဲ့ တက္ကသိုလ်မှာလည်း မြန်မာ ဘာသာစကားကို သင်ကြားဖို့အတွက် မြန်မာဘာသာစကားဌာနဖွင့်ဖို့အထိ လည်း ရည်ရွယ်ပြီး တော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီနေ့ မြန်မာနိုင်ငံကလာတဲ့ အထူးဧည့်သည်တော်တွေကို ရေကန်ကို လိုက်လံပြသပေး ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကလည်း ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့ မြန်မာနိုင်ငံကို Delegation သွားရောက်ခဲ့တာ ရှိပါတယ်။ သွားရောက်ခဲ့တဲ့ အချိန်မှာလည်း မြန်မာနိုင်ငံကနေပြီးတော့ ကျွန်တော်တို့ကို လှိုက်လှဲစွာ ကြိုဆိုခဲ့တာတွေလည်း ရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီကနေ ပြောကြားလို တာကတော့ မြန်မာနိုင်ငံက သာယာလှပတဲ့ အလှတရားတွေ၊ ယဉ်ကျေးမှုတွေ ကို ကျွန်တော်တင်မကဘဲနဲ့ Delegation အဖွဲ့ဝင်အားလုံးက ခံစားခဲ့ရတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ နှစ်နိုင်ငံ အပြန်အလှန် ကျွန်တော်တို့ Tourism အခန်း ကဏ္ဍကို မြှင့်တင်ဖို့အတွက်လည်း ကျွန်တော်တို့ လျာထားစီစဉ်ထားတာ ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး ။ ။ ခင်ဗျားတို့ မီဒီယာအဖွဲ့တွေလည်း မြန်မာနိုင်ငံမှာလာပြီး လေ့လာဖို့အတွက် ကျွန်တော် ဖိတ်ပါတယ်။ မြန်မာပြည်ရဲ့ အခြေအနေတွေ အားလုံးကို ခင်ဗျားတို့ ပြည်နယ်အကြီးအကဲကတော့ အကြမ်းဖျဉ်း ရှင်းပြတာ ပေါ့။ ခင်ဗျားတို့လာတဲ့အခါကျရင် ဒီထက်ပိုပြီး ထိတွေ့မှု ခံစားမှု ပိုပြီး ကောင်းပါလိမ့်မယ်။ ကျွန်တော် မကြာခင်မှာ ခင်ဗျားတို့ မျက်နှာလေးတွေ မြန်မာနိုင်ငံမှာ တွေ့ရမယ်လို့ ယုံကြည်ပါတယ်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ Mr. Aleksey Sambuyevich Tsydenov တို့သည် Buryatia ပြည်နယ်မှ Arigus၊ ATV ၊ Tivicom တို့ အပါအဝင် ဒေသခံ မီဒီယာများ၏
Sunday, June 29, 2025 - 19:30