news

          ဒီနေ့မှာတော့ မီဒီယာများမေးမြန်းနေကြတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့အခြား ဒုစရိုက်လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေနဲ့ နှိမ်နင်းနေတဲ့အခြေအနေ နှင့် ပြည်သူ့စစ်မှုထမ်းကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းထားတာတွေကို ပြန်လည်ဖြေကြားသွားပါမယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာအနီးတွင် မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းလုံဝန်း မောင်းနှင်လာသည့် TOYOTA PROBOX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကိုယ်ထည်အံဝှက်များအတွင်းမှ ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၅,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၆၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး ကက်တမင်း များအား မိုင်းယန်းမြို့နယ်၊ မိုင်းဖျန်မြို့မှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့်  ယာယီစစ်ဘေးရှောင် ထွက်ပြေးလာသည့် ဒေသခံသက်ကြီးပိုင်း အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်​ပေါ်လျက်ရှိ​သော Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ဝင်ရောက်လာသူများအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်လျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၆

          နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ် ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို  ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်း နှင့်ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များသည် ဂွမြို့၏အနောက်တောင်ဘက်ရေမိုင် ၁၈.၅ မိုင်အကွာ၌ ရွှေကြယ်လင်း ၁ အမည်ရှိ

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးရွာနှင့် ရွာသစ်ရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သံယာတော် ၁ ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက် ရှိကြောင်း သိရသည်။

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ မြစ်ဆုံရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို  တွေ့ရှိရသည်။

(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဟာအောင်မြေ မြို့နယ်၊ ၅၆ လမ်းပေါ်ရှိ ၃၅ လမ်းမှ သိပ္ပံ ၁၀၁ လမ်းအထိလည်းကောင်း၊ ၄၂ လမ်းပေါ်ရှိ ၅၉ လမ်းမှ အရှေ့မြို့ပတ်လမ်းအထိလည်းကောင်း နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါလမ်းနေရာ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။