news

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ခရိုင်ဆည်မြောင်းရုံးနှင့် ခရိုင်သစ်တောရုံးတို့ မတ်လ ၁၇ ရက်နေ့ ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ အဆိုပါမီးလောင်မှုမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက် ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများမှ အထင် အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

         ‌ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီ ၁၁ ရက်မှ မတ်လ ၁၁ ရက် နေ့အထိ တစ်လတာအတွင်း စစ်မှုထမ်းဆောင်ရန်အကြောင်းပြ၍ ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သည့်လူငယ် ၁၀၀ ကျော်ပါဝင်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

             (၇၉)နှစ်မြောက်တပ်မတော်နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဉီးခရိုင်၊ တန့်ဆည်မြို့နယ်၊ မူးခွအုပ်စု၊ မူးခွကျေးရွာနှင့် ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်၊ ခါးတောက်ရင်းအုပ်စု၊ ကံရိုးကျေးရွာကြားရှိ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတား ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ပြုလုပ်ရာ ကန့်ဘလူမြို့နယ်မှ ဆရာတော် ဦးဝါသဝ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ကန့်ဘလူခရိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ဖွင့်လှစ်ကြသည်။

ထိုင်းခရီးသွားဧည့်သည်များအနေဖြင့် ပိုမိုသိရှိ လာရောက်လည်ပတ်စေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရယူထားသော Picturesque Myanmar Group Co;Ltd ၏ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ Mr.Akaluk jarukijpaisal အပါအဝင် ထိုင်းနိုင်ငံသားရိုက်ကူးရေးအဖွဲ့ဝင် ၁၅ ဉီးတို့သည် ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညို ကြသည်။

         (၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သည့် စစ်ရေးပြ စစ်ကြောင်းများမှ တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုးသမီး စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီး စစ်ရေးပြတပ်ခွဲတို့က  ၂ သုတ်ခွဲ၍ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော် ကြည်ညိုကြသည်။

         ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည် ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးမင်းများအဆက်ဆက် သူတော်ကောင်းများအဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

            ရှမ်းပြည်နယ်မှအရှေ့ပိုင်းမှဂေါပကအဖွဲ့အုပ်ချုပ်သူ(၂)ဦး၊ အဖွဲ့ဝင် ၂၆ ဦး၊ စုစုပေါင်း (၂၈)ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်တည်ထား ပူဇော်သည့်ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။